Wednesday, December 7, 2016

လေယာဉ်ဆီဈေးတွေတက်လာတာကြောင့် လေကြောင်းလိုင်းတွေမှာ ခရီးသည်တွေကိုအခမဲ့ကျွေးမွေးတာတွေ လျော့ချရတော့မယ်လို့ဆို

OPEC ရဲ့ ရေနံထုတ်လုပ်မှုလျော့ချရေးသဘောတူညီ ချက်ပြုလုပ်ပြီးနောက်မှာရေနံဈေးတွေထိုးတက်လာခဲ့ပါတယ်။အလားတူပဲ ရေနံဈေးနဲ့အတူလေယာဉ်တွေမှာအသုံးပြုတဲ့ ဆီဈေးတွေလည်းတက်လာခဲ့ပါတယ်။

အာရှနိုင်ငံတွေက လေကြောင်းလိုင်း တစ်ချို့ မှာ ခရီးသည်တွေကို စားစရာသောက်စရာများ အခမဲ့ကျွေးမွေူးလေ့ရှိပြီးတော့ ယခုလိုမျိုးလေယာဉ်ဆီဈေးတွေ တက်လာတဲ့အခါမှာတော့ အခမဲ့ကျွေးမွေးမှုတွေကို လျော့ချတာဒါမှမဟုတ်၊ မကျွေးမွေးတော့တာမျိုးလုပ်ကြတော့မယ်လို့ သိရပါတယ်။

၁၉၇၀ ပြည့်နှစ်တွေမှည Singapore Airlines Ltd. ကစတင်ခဲ့ပြီး ခရီးသည်တွေ အခမဲ့ကျွေးမွေး တဲ့ ၀န်ဆောင်မှုတွေပေးခဲ့တာဖြစ်ပါတယ်။ OPECရဲ့ ပြီးခဲ့တဲ့တစ်ပတ် ရေနံအလွန်အကျွံထုတ်လုပ်မှုထိန်းချုပ်ရေး သဘောတူညီချက်အပြီးမှာတာ့ ဆီဈေးတွေထိုးတက်ခဲ့တာကြောင့် ရေကြောင်းလိုင်းတွေအနေနဲ့ တိုးလာတဲ့ ကုန်ကျစရိတ်တွေနဲ့ ကာမိအောင် ပြုလုပ်ရတော့မယ်လို့ဆိုပါတယ်။

စီးပွားရေး ပညာရှင်တွေရဲ့ လေ့လာမှုတွေအရတော့ လေကြောင်းလိုင်းတွေ အဆင်ပြေစေဖို့အတွက် အခမဲ့ကျွေးမွေးမှုကိုလျော့ချခြင်း၊ အမြတ်အစွန်းနည်းနည်းသာရတဲ့ လမ်းကြောင်းတွေမှာ ပျံသန်းပြေးစွဲမှုတွေကို ရပ်ဆိုင်းခြင်း၊ ဆီစားများတဲ့ လေယာဉ်တွေကိုအသုံးမပြုခြင်း ဒါမှမဟုတ် လေယာဉ်လတ်မှတ်ဈေးတွေတက်မှ ရမယ်လို့ သိရပါတယ်။အာရှနိုင်ငံတွေက လေကြောင်းလိုင်းငယ်တွေအနေနဲ့ တော့ တိုးတက်လာတဲ့ ကုန်ကျစရိတ်တွေ ကိုကာမိပြီးဆက်လက်ရှင်သန်နိုင်အောင်လို့ အစားအသောက်ကနေ၊ ပစ္စည်းသယ်ယူမှုမထိ ငွေတိုး ကောက်ခံမှရတော့မယ်လို့ဆိုပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment