Tuesday, December 27, 2016

ရခိုင်ကမ်းလွန်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခုတွင် ဖေဖော်ဝါရီကစ၍ အမေရိကန်ရေနံကုမ္ပဏီ တူးဖော်မည်

ရခိုင်ကမ်းလွန်ဒေသရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် နှစ်ခုတွင် အမေရိကန်ရေနံကုမ္ပ ဏီ WOODSIDE က ဖေဖော်ဝါရီ မှစတင်၍ တွင်းတူးရေးလုပ်ငန်း များ လုပ်ကိုင်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ယခုတူးဖော်မည့်တွင်းများ ကို စမ်းသပ်လေ့လာမှုပြုလုပ်ပြီး ဖြစ်သည့် လုပ်ကွက်များပေါ်တွင် ထပ်မံအကဲဖြတ်ရန် တွင်းများ တူးဖော်ခြင်းဖြစ်ကြောင်း မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ် ငန်းအကြံပေးကပြောသည်။
‘‘အရင်က တင်ဒါပေးထား တဲ့အထဲက ပထမဦးဆုံးတွင်းတူး ဖို့လုပ်ကြတာပါ။ ဒီနှစ်ထဲမှာ ပထမဦးဆုံးပဲ။ အခုတူးလို့ထွက် လာတဲ့အပေါ် မူတည်ပြီး စီးပွား ဖြစ်ထုတ်ဖို့၊မထုတ်ဖို့ ဆုံးဖြတ်ကြ လိမ့်မယ်’’ဟု ၎င်းကဆက်လက်ပြောသည်။ လက်ရှိ တွင်းတူးမည့်လုပ် ကွက်မှာ ရခိုင်ကမ်းလွန်ရှိ AD7 လုပ်ကွက်ဖြစ်ပြီး ဒေ၀ူးနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်သည်။
အဆိုပါ AD7 သည် အကဲ ဖြတ်တွင်းနှစ်တွင်းကို ထပ်မံတူး ဖော်မည်ဖြစ်သည်။ အခြား A6 လုပ်ကွက်ကို EPRL ကုမ္ပဏီနှင့် ပူးတွဲလုပ်ဆောင်မည်ဖြစ်သည်။
လက်ရှိတွင် မြန်မာ့ကမ်း လွန်၌ ရေနံနှင့် သဘာဝဓာတ် ငွေ့တူးဖော်ရေး ရေနံစင်သုံးခုရှိ ပြီး ယခင်ဦးသိန်းစိန်အစိုးရ လက် ထက် ၂၀၁၃ ၌ ပထမဆုံးအကြိမ် လုပ်ကွက်အသစ် ၂၀ ကို တင်ဒါ ခေါ်ယူခဲ့သည်။ Shell, Chevron နှင့် Ophir ကုမ္ပဏီများ လုပ်ကိုင် ခွင့်ရရှိခဲ့သည်။ လက်ရှိအထိ တင် ဒါခေါ်ယူထားသည့် လုပ်ကွက် ပေါင်း ၄၀ ခန့်ရှိသည်။
ယင်းတို့အနက် Ophir ကုမ္ပဏီက ရခိုင်ကမ်းလွန်လုပ် ကွက်တွင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လေ့လာဆန်းစစ်မှုကို ထုတ်ပြန်ကြေညာထားသည်။
အကယ်၍ စမ်းသပ်တူးဖော်မှုမအောင်မြင်ပါက ကုမ္ပဏီများက လုပ်ကွက်များ ပြန်လည်အပ်နှံမည် ဖြစ်သည်။
လက်ရှိတွင် တင်ဒါမခေါ်ရ သေးသည့် ကမ်းလွန်လုပ်ကွက် များ ကျန်ရှိနေသေးပြီး ယခုတင်ဒါ အောင်ထားသည့် လုပ်ကွက်များ  အကောင်အထည်ဖော်မှသာ ကျန်လုပ်ကွက်များကို တင်ဒါခေါ် ယူမည်ဟု ရေနံနှင့်သဘာဝဓာတ် ငွေ့လုပ်ငန်းမှ သိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment