Wednesday, December 14, 2016

ရှမ်းမြောက်တွင် စစ်ဘေးရှောင်သူများ တိုးမြင့်လာနေ

ရှမ်းမြောက်ဒေသ၌ စစ် ရေးလှုပ်ရှားမှုများ၊ တိုက်ပွဲများ ကြောင့် စစ်ရှောင်သူဦးရေ တိုး လာနေပြီး မြို့နယ်ခုနစ်ခု၌ စစ် ဘေးဒုက္ခသည် ၂,၅၀၀ ကျော် စစ် ဘေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းရှိ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ နမ္မတူမြို့နှင့် မန်တုံမြို့နယ်များရှိ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းများတွင် ဒီဇင်ဘာ ၁၃ ရက် အထိ စစ်ဘေးဒုက္ခသည် အိမ် ထောင်စု ၇၃၀ ကျော်မှ လူဦးရေ ၂,၅၉၇ ဦးရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန် ရေး ကော်မတီ၏ ထုတ်ပြန်ချက် အရ သိရသည်။

လားရှိုးမြို့တွင် ဖွင့်လှစ်ထား သည့် ကယ်ဆယ်ရေးစခန်းခုနစ်ခု ၌ လာရောက်တိမ်းရှောင်သူ ၄၁၄ ဦး၊ မူဆယ်မြို့နယ်ရှိ ကယ် ဆယ်ရေးစခန်းငါးခုတွင် လာ ရောက်တိမ်းရှောင်သူ ၁,၈၆၁ ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် KIA၊ TNLA၊ MNDAA နှင့် AAတို့ ပါဝင်သော ပူးပေါင်း လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲများ၊ စစ်ရေးလှုပ်ရှားမှုများနှင့် လူသစ်စုဆောင်းမှုများကြောင့် ဒေသခံအချို့သည် နေရပ်ကို စွန့်ခွာ၍ နီးစပ်ရာမြို့များသို့ စစ်ဘေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

TNLA လက်နက်ကိုင်အဖွဲ့ သည် ကျောက်မဲမြို့နယ် ပန်ကွမ် ကျေးရွာအုပ်စု ပန်ကွမ်ကျေးရွာ အတွင်းသို့ ဒီဇင်ဘာ ၁၁ ရက်ည ၇ နာရီတွင် ဝင်ရောက်လာပြီး ပန် ကွမ်ရွာသား ၂၁ ဦးအား တပ်သား သစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီး

ခေါ်ဆောင်သွားသည်ဟု အစိုးရက အမည်စာရင်းနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

အဆိုပြါ ဖစ်စဉ်နှင့်ပတ် သက်၍ TNLA က ၎င်းတို့အနေဖြင့် ပန်ကွမ်ရွာတွင် လူသစ်စုဆောင်းခြင်းမရှိဟု ငြင်းဆိုသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment