Monday, December 12, 2016

အကြမ်းဖက်အဖွဲ့ သတ်မှတ်ရန်ဆောင်ရွက်ခြင်းအပေါ် NCA ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့များက ဆန့်ကျင်ကန့်ကွက်

အစိုးရနှင့် NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အပြုသ ဘောဆောင်သည့် ငြိမ်းချမ်းရေးကို ရှေးရှုသော ပူး ပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် ဆောင်ရွက်နေမှုများ ကို ဆန့်ကျင်ကန့်ကွက်ကြောင်း တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့က သဘောထား ထုတ်ပြန်ကြေညာသည်။

ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက် တွင် ရန်ကုန်မြို့၌ကျင်းပသော NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် လုပ်ငန်းအဖွဲ့ (CT) တို့၏တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးအပြီးတွင် ယခုကဲ့သို့ သဘောထားထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် ခေါင်းဆောင်ကိုမဆို အကြမ်း ဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အဖြစ် သတ်မှတ်ရန်ဆောင်ရွက် နေမှုများသည် လက်ရှိကြိုးပမ်း နေသော အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေး တည်ဆောက်နေမှုများကို ထိခိုက်စေနိုင်၍ ဆန့်ကျင်ကန့် ကွက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အကြောင်းအ မျိုး မျိုးကြောင့် NCA တွင် ပါဝင်လက် မှတ်ရေးထိုးရန် အဆင်သင့်မဖြစ် သေးသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအနေ ဖြင့်သော်လည်းကောင်း၊ ပြည် ထောင်စုအစိုးရ အနေဖြင့်သော် လည်းကောင်း အပြုသဘော ဆောင်သော ငြိမ်းချမ်းရေးကို ရှေးရှုသည့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးမြှင့်လုပ်ဆောင်ကြရန် အကြံပေး တိုက်တွန်းသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

‘‘အခုကျွန်တော်တို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက် တဲ့အချိန်မှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေကို အ ထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခ တွေကြောင့် အကြမ်းဖက်အဖွဲ့အ စည်းအဖြစ် သတ်မှတ်လို့ရှိရင် ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေ ရာမှာ ပိုပြီးတော့အခက်အခဲဖြစ် လာမယ်။ လက်နက်ကိုင်တိုက်ပွဲ တွေကြောင့်ပဲ ငြိမ်းချမ်းရေးကို တည်ဆောက်နေရတာ။ လက် နက်ကိုင်ပဋိပက္ခတွေကြောင့်ငြိမ်း ချမ်းရေး တည်ဆောက်တဲ့နေရာ မှာ လမ်းချော်မထွက်ဖို့ တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်းက ပို ကောင်းတယ်လို့ သဘောထား ပေးတာပါ’’ဟု KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူး ၀င်းကပြောသည်။

အဆိုပါ ညှိနှိုင်းအစည်းအ ဝေးသို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ PNLO ဦး ဆောင် နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာ၊ ALP ဒုတိယဥက္ကဋ္ဌခိုင်စိုး နိုင်အောင်၊ KNU/KNLA-PC အတွင်းရေးမှူး ဆရာမ နော်က ပေါ်ထူး၊ DKSBA မှ ဗိုလ်ချုပ်စော မိုရှေးတို့တက်ရောက်ခဲ့ပြီး RCSS၊ CNF နှင့် ABSDF တို့မှ ခေါင်း ဆောင်များ တက်ရောက်နိုင်ခြင်းမရှိဘဲ ကိုယ်စားလှယ်များသာ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါအစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများ အောင်မြင်စွာကျင်းပ နိုင်ရေးကိစ္စများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ ကိုလည်း ဆွေးနွေးခဲ့ကြောင်းသ တင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအား လုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေး ကြိုးပမ်းရန် မူ ၀ါဒများကိုလည်း ချမှတ်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့ သည် ယခင်အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာ ၁၅ ရက် တွင် NCA လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။ လက်ရှိ အစိုးရ သစ်လက်ထက်တွင်လည်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေး အဖြစ်ဆောင်ရွက်နေရာ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များ ပါဝင်လာနိုင်ရေး အစိုးရ က ကြိုးပမ်းလျက်ရှိသည်။

ရှမ်းမြောက်တွင်တပ်မတော် နှင့်တိုက်ပွဲဖြစ်ပွားနေသော KIA, MNDAA နှင့် TNLA တို့နှင့်ပတ် သက်၍ ပြည်ခိုင်ဖြိုးအမတ်ဒေါက် တာမောင်သင်းက ပြည်သူ့လွှတ် တော်သို့ အဆိုတင်သွင်းရာ ကာ ကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးစိန်ဝင်းက လွှတ်တော်သို့ လာရောက်၍ ယင်းသုံးဖွဲ့ကို အ ကြမ်းဖက်အဖွဲ့များအဖြစ် သတ် မှတ်သင့်ကြောင်း တင်ပြခဲ့သည်။ သို့ရာတွင် အင်န်အယ်လ်ဒီအ မတ်များက လက်မခံ၍ လွှတ် တော်တွင် မှတ်တမ်းတင်ခြင်းသာ ပြုလုပ်နိုင်ခဲ့သည်။

သို့ရာတွင် ရှမ်းပြည်နယ် လွှတ်တော်၌ KIA ၊ MNDAA နှင့် TNLA လက်နက်ကိုင်သုံးဖွဲ့ကို အ ကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ် ရန် ဗိုလ်မှူးကြီး(ငြိမ်း)အောင်သူ က အဆိုတင်သွင်းခဲ့သည်။ တပ် မတော်ကိုယ်စားလှယ်နှင့် ပြည် ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် အ ရေအတွက်က ပိုမိုများပြားသည့် ရှမ်းပြည်နယ်လွှတ်တော်၌ ယင်း အဆိုကို မဲခွဲဆုံးဖြတ်ရာ အဆိုပါ လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို အ ကြမ်းဖက်အဖွဲ့များအဖြစ် သတ် မှတ်ရန် ဆုံးဖြတ်ခဲ့သည်။



Credit to >>> 7 Day Daily

0 comments:

Post a Comment