Wednesday, November 2, 2016

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်အချို့ လွှတ်တော်တွင် ပျော်ပွဲစား ထွက်သကဲ့သို့ ပြုမူနေကြောင်း ဒီချုပ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဝေဖန်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အချို့လွှတ်တော်ကိုယ် စားလှယ်များသည် လွှတ်တော်အ တွင်း ပျော်ပွဲစားထွက်သကဲ့သို့ ပြုမူနေကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်အရည်အချင်း ပြည့်မီရေးလုပ်ဆောင်ရန်လိုအပ် ကြောင်း ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှု ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။

‘‘စံချိန်တွေ မမီရင်တောင် တချို့ကိစ္စတွေမှာ စံချိန်တွေ မကျ အောင် လေ့လာဖို့ လိုတယ်။ တချို့လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုရင် လွှတ်တော်ထဲမှာ အပျော် ခရီးသွားနေသလိုပဲ။ ကျွန်တော် ကြည့်နေတာ သိပ်အဆင်မပြေ ဘူး။ ကျွန်တော် လွှတ်တော်ကိုယ် စားလှယ်တွေကို အပြစ်ပြောနေ တာမဟုတ်ဘူးနော်။ ပထမအ ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက် ရင်လေးတယ်။ ဒုတိ ယအချက် တိုင်းပြည်အတွက် ရင် လေးတယ်’’ဟု ဦးမြင့်ဌေးက နိုဝင် ဘာ ၁ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမအ ကြိမ်မြောက် တိုင်း၊ ခရိုင်၊ မြို့နယ် များ စုံညီတွေ့ဆုံပွဲအခမ်းအနား ၌ ပြောကြားသည်။
ဆက်လက်၍ ၎င်းက ပြည် သူလူထုသည် လက်ရှိတာဝန် ထမ်းဆောင်နေသည့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၏အပြု အမူ၊ လုပ်ဆောင်ချက်များကို ဆန်းစစ်၍ မကြာမီ ပြုလုပ်မည့်  ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ နှင့် လာမည့် ရွေးကောက်ပွဲများ တွင် ဆန္ဒမဲပေးမည်ဖြစ်သော ကြောင့် အချင်းချင်း ညီညွတ်ရန်၊ ဟန်ချက်ညီရန် လိုအပ်ကြောင်း ပြောသည်။
‘‘လက်ရှိအနေအထားနဲ့ တော့ တော်တော် ကြိုးပမ်းဆောင် ရွက်ရဦးမှာပါ’’ဟု ၎င်းက ဆို သည်။
ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် မြို့နယ် ၄၄ ခု အနက် မြို့နယ် ၃၀ ကျော်တွင် ကိုယ်စားလှယ်အချင်းချင်း၊ ကိုယ် စားလှယ်များနှင့် ပါတီအလုပ်အမှုဆောင်များအကြား သဟဇာတ မဖြစ်ဘဲ ပွတ်တိုက်မှုများ ရှိနေ ကြောင်း ဦးမြင့်ဌေးက ဆိုသည်။
‘‘ဥက္ကဋ္ဌက ကြားနေ၊ သိနေ တဲ့အကြောင်းအရာတွေ ပြောသွားတာပေါ့နော်။ ပွင့်ပွင့်လင်းလင်း ပြောတတ်သူဆိုတော့  ဒီအတိုင်း ပြောသွားတယ်လို့မြင်တယ်။ အစ်မတို့ကတော့ လွှတ်တော်ကို ပိုအားကောင်းစေချင်တယ်။ အစ်မတို့ လုပ်ပိုင်ခွင့်ရှိနေတုန်းလေး အစွမ်းကုန်လုပ်ပေးချင်တယ်။ နိုင်ငံရေးအခံအားမကောင်းရင် လုပ်ရတာခက်ခဲမယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မှတ်ချက်ပြုသည်။
၂၀၁၇ ကြားဖြတ် ရွေး ကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီး၌ ပြည်သူ့လွှတ်တော် လေး နေရာနှင့် အမျိုးသားလွှတ်တော် တစ်နေရာ၊ စုစုပေါင်းငါးနေရာ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment