Tuesday, October 7, 2014

ခြင်အန္တရာယ်ကို သဘာဝနည်း လမ်းများအရ တားဆီးပါ။



ခြင်အန္တရာယ်ကြောင့် ဖြစ်တတ်သည့်ရောဂါများကို ကာကွယ်ရန် သဘာဝအားဖြင့် တုံ့ပြန်ပေးနိုင်သည့် အရာများကတော့-
(၁) တမာဆီ
ယင်းကိုအုန်းဆီနှင့် ဆတူရော၍ မိမိခန္ဓာကိုယ်အနှံ့ကို လိမ်းပေးထားပါ။ ခြင်ကိုက်ခြင်းဒဏ်ကို (၈) နာရီကြာ တွန်းလှန်နိုင်သည်။
(၂) ယူကလစ်နှင့် သံပရာဆီ
ဓာတုဗေဒပစ္စည်းများနှင့် ပြု လုပ်ထားသော ခြင်ဆေးများကဲ့သို့ ဥပါဒ်မဖြစ်စေပါ။ ယင်းကိုလည်း ဆတူရော၍ ခြင်အကိုက်များသည် ခန္ဓာကိုယ်အစိတ်အပိုင်းကို လိမ်းထားပေးနိုင်ပါသည်။
(၃) ပရုတ်
ပရုတ်ကို အခန်းတွင်းမီးဖြင့် အပူပေးပြီး တံခါးမကြီးနှင့် ပြတင်းပေါက်များပိတ်၍ (၁၅/၂၀) မိနစ် ခန့်ထားပါ။ ပြီးမှတံခါးများ ဖွင့်ပါ။ ခြင်များကဤအနံ့ကြောင့် အခန်းတွင်းမ၀င်ကြတော့ပါ။
(၄) ကြက်သွန်ဖြူ
ယင်း၏ 



စူးရှသောအနံ့က ခြင်များကို မောင်းထုတ်ပေးနိုင်သည်။ ချေထားသောကြက်သွန်ဖြူတစ်မွှာကို ရေနွေးထဲထည့်ပြုတ်၍ ထိုရေကိုဖန် ဘူးထဲထည့်ပြီးဖြန်းပေးပါက ခြင်ပြေးစေသည်။
(၅) တီးထရီးအဆီ
မှိုစွဲခြင်းနှင့် ဘက်တီးရီးယားကို တိုက်ထုတ်ပေးနိုင်သော အစွမ်းရှိပြီး ခန္ဓာကိုယ်ပေါ်လိမ်းခြင်း၊ ယင်း၏ ဆီစက်အနည်းငယ်ကို လေထဲ၌အငွေ့ ပျံစေခြင်းဖြင့် ခြင်ရန်ကိုတားဆီးနိုင်သည်။
(၆) လာဗင်ဒါ
ဤပန်း၏ အနံ့ပြင်းမှုက ခြင်တို့အားတားဆီးနိုင်သည်။
(၇) စပါလင်
စပါလင်အဆီဖြင့် မီးထွန်းပေးခြင်းဖြင့်လည်း ခြင်များကို ရပ်တန့်စေနိုင်လေရာ အထက်ပါသဘာဝနည်းများအရ ခြင်ကြောင့်
ဆက်နွယ်၍ဖြစ်သော ရောဂါများဖြစ်မလာစေရန် ကြိုတင်ကာကွယ်နိုင်သည်။


Health Update Journal


0 comments:

Post a Comment