Wednesday, November 2, 2016

‘၀’လက်နက်ကိုင်တပ်ဖွဲ့ နေရာယူထားမှုနှင့်ပတ်သက်၍ ညှိနှိုင်းနေဆဲဟုဆို

မိုင်းလားလက်နက်ကိုင် အဖွဲ့ NDAA နယ်မြေအတွင်းရှိ တပ်စခန်းများသို့ ‘၀’လက်နက် ကိုင် UWSP/UWSA တပ်ဖွဲ့များ ၀င်ရောက် နေရာယူထားမှုနှင့် ပတ်သက်ပြီး နှစ်ဖက်ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း မိုင်းလားလက်နက် ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦး ကြည်မြင့်က နိုဝင်ဘာ ၁ ရက်တွင်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ကုန်က မိုင်းလား လက်နက်ကိုင် အဖွဲ့၏ နယ်မြေအတွင်းသို့  ‘၀’ လက်နက်ကိုင်အဖွဲ့များ အလုံး အရင်းနှင့် ၀င်ရောက်နေရာယူ ခြင်းသည် နှစ်ဖက်အကြား နှစ် ပေါင်းရှည်ကြာစွာ တည်ရှိခဲ့သည့် ယုံကြည်မှုကို ပျက်စီးစေသည်ဟု ဦးကြည်မြင့်က ပြောကြားထား သည်။ လက်ရှိ ‘၀’ နှင့် မိုင်းလားအ ဖွဲ့တို့အကြား ညှိနှိုင်းမှုအခြေအ နေနှင့်ပတ်သက်၍ မေးမြန်းရာ ဦးကြည်မြင့်က ‘‘ညှိနှိုင်းဆဲပဲ။ အခုလောလောဆယ်အေးအေး ဆေးဆေး ပြဿနာမရှိဘူး’’ ဟု ပြောကြားခဲ့သော်လည်း ဆွေးနွေး မှုအခြေအနေများကိုမူ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။
‘၀’ လက်နက်ကိုင်အဖွဲ့နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့တို့ အကြား ပြဿနာပြေလည်မှုရရှိ ရေး ‘၀’နှင့် မိုင်းလားအဖွဲ့ ကိုယ် စားလှယ်များနှင့် တရုတ်နိုင်ငံ ကိုယ်စားလှယ်တို့သည် အောက် တိုဘာ ၂၈ ရက်က တရုတ်နိုင်ငံ တွင် တွေ့ဆုံခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော် လည်း သက်ဆိုင်ရာအဖွဲ့များထံ မှ အတည်ပြုချက်မရပေ။
‘၀’ နှင့် မိုင်းလားအဖွဲ့တို့၏ ယူနန်ပြည်နယ်တွင် ဆွေးနွေးမှု သည် အထိုက်အလျောက်ပြေ လည်မှုရရှိခဲ့သည်ဟု ‘၀’နှင့် မိုင်း လားလက်နက်ကိုင်အဖွဲ့များနှင့်  နီးစပ်သည့် ဆက်ဆံရေးရှိသော တအောင်း လက်နက်ကိုင်အဖွဲ့ PSLF/TNLA အထွေထွေအတွင်း ရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောကြားသည်။
‘‘အခုလောလောဆယ်အ ခြေအနေအထိ ကျွန်တော်တို့ သိ ရတာကတော့ ‘၀’ခေါင်းဆောင်နဲ့ မိုင်းလားခေါင်းဆောင်တွေက သူ တို့ပန်ဆန်းမှာလည်း တွေ့ဆုံညှိ နှိုင်းတာရှိတယ်။ မနေ့တုန်းက လည်း သူတို့တရုတ်နိုင်ငံ ယူနန် ပြည်နယ်မှာ တွေ့ဆုံညှိနှိုင်းတာ တွေ ကျွန်တော်တို့ သိရပါတယ်။ အဲဒီတွေ့ဆုံညှိနှိုင်းပွဲမှာလည်း ထိုက်သင့်သလောက် ပြေလည်မှု တွေရှိသွားပြီလို့ ကျွန်တော်တို့ အဲ ဒီလိုနားလည်ပါတယ်’’ဟု TNLA ဗိုလ်မှူးကြီး တာဖုန်းကျော်က အောက်တိုဘာ ၂၉ ရက်တွင် ပြော သည်။ ‘၀’နှင့် မိုင်းလားအဖွဲ့သည် နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော မဟာမိတ်ဆက်ဆံရေးရှိသည့် အဖွဲ့များဖြစ်၍ ကြီးမားသော ပြဿနာမဖြစ်နိုင်ဟု ၎င်းက သုံး သပ်သည်။
‘၀’နှင့် မိုင်းလားအကြားဖြစ် ပေါ်နေသော ပြဿနာနှင့် ဆက် စပ်၍ တပ်မတော်နှင့် ‘၀’လက် နက်ကိုင်အဖွဲ့တို့အကြားတွင် လည်း အခြေအနေတင်းမာနေ ကြောင်း သိရသည်။ မိုင်းလား ဒေသအခြေအနေနှင့် ပတ်သက် ၍ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် တပ်မတော်ဘက်က ‘၀’လက်နက် ကိုင်အဖွဲ့ UWSP/UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးဒုတိယတာဝန် ခံကို အောက်တိုဘာ ၂၈ ရက်တွင် ခေါ်ယူပြောဆိုခဲ့သည်။
ထို့အပြင် မိုင်းလားလက် နက်ကိုင်အဖွဲ့၏ နယ်မြေအတွင်း ရောက်ရှိစခန်းချထားသော ‘၀’ လက်နက်ကိုင်တပ်ဖွဲ့များတပ် ဆုတ်ပေးရန် တပ်မတော်က အ ကြောင်းကြားထားသော်လည်း ‘၀’တပ်ဖွဲ့များ ဆက်လက်ရှိနေ ဆဲဖြစ်သည်။
တပ်မတော်နှင့် ‘၀’ လက် နက်ကိုင်အဖွဲ့တို့အကြား အပစ် ရပ်စဲရေးလုပ်ဆောင်ပြီးနောက် နှစ်ပေါင်း ၂၆ နှစ်ကျော်ကြာ တိုက်ပွဲမဖြစ်ပွားခဲ့ဟု ဆိုသော် လည်း စစ်ရေးတင်းမာမှုများ မကြာခဏဖြစ်ခဲ့ကြောင်း၊ လက်ရှိ တင်းမာမှုများမှာ နိုင်ငံရေး၊ စစ်  ရေးနှင့် ဆက်နွှယ်နေ၍ စောင့် ကြည့်ရမည့် အခြေအနေဖြစ် ကြောင်း သုံးသပ်မှုများရှိသည်။
‘‘ကျွန်တော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ထိုင်းနိုင်ငံ က စောင့်ကြည့်နေတဲ့ လုံခြုံရေး ဘက်ကိုလည်း မေးပါတယ်။ သူ တို့မြင်တာတော့ ဒီတစ်ခေါက် ဘယ်လိုဖြစ်မယ်ဆိုတာ ပြောလို့ မရဘူး။ အရင်တုန်းက ဖြစ်တဲ့ဟာ တွေ ကျွန်တော်တို့ကြည့်လိုက် မယ်ဆိုရင် ဒီဟာက စီးပွားရေး ကိစ္စတွေကနေ ပေါ်ပေါက်လာတဲ့ အတွက်ကြောင့်မို့လို့ သူတို့လည်း ဖြေရှင်းလို့ရပုံရတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ကျတော့ စီးပွားရေးနဲ့ သက်ဆိုင်ပုံမရဘူး။ နိုင်ငံရေးတို့၊ စစ်ရေးတို့နဲ့ ပိုပြီးတော့ သက်ဆိုင် လာတယ်။ ဒါကြောင့်မို့လို့ ဒီအ ခြေအနေဟာ ရိုးရိုးတန်းတန်း ဆွေးနွေးပြီးတော့ ပြီးသွားနိုင် မလားဆိုတာ သူတို့စောင့်ကြည့် နေဆဲလို့ ပြောပါတယ်’’ဟု ရှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) အကြံပေး ဦး ခွန်းဆိုင်က ပြောသည်။
တပ်မတော်နှင့် ‘၀’လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ  မဖြစ်ပေါ်စေရေး အမြန်ဆုံးတွေ့ ဆုံညှိနှိုင်းကြရန် လိုအပ်သည်ဟု NCA လက်မှတ်ထိုးထားသည့် ပအိုဝ်းတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ PNLO ဦးဆောင် နာယ က ဗိုလ်မှူးကြီး ခွန်ဥက္ကာက အ ကြံပြုသည်။
မိုင်းလားလက်နက်ကိုင်အ ဖွဲ့ဟု ခေါ်ဆိုသော ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) အ မျိုးသားဒီမိုကရေစီ မဟာမိတ် အဖွဲ့(NDAA)နှင့် ‘၀’ လက်နက် ကိုင်အဖွဲ့ ‘၀’ ပြည်သွေးစည်းညီ ညွတ်ရေးပါတီ (UWSP/UWSA) တို့သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)တွင် ပါဝင်လက် မှတ်မထိုးသေးသည့်အဖွဲ့များဖြစ် သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment