Tuesday, October 4, 2016

ထိုးစစ်ရပ်ရန် လူထုဆန္ဒပြသည့်နေ့တွင်ပင် တပ်နှင့် KIA တိုက်ပွဲဆက်ဖြစ်နေ

ကချင်ပြည်နယ်တွင် တပ်မတော်မှ ထိုးစစ်ဆင်မှုများရပ်ဆိုင်းပေးရန် လူထောင်ချီဆန္ဒထုတ်ဖော်ခဲ့သည့် အောက်တိုဘာ ၃ ရက်၌ မြန်မာ့တပ်မတော်နှင့် ကေ အိုင်အေတို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရှိသည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့ အရှေ့ဘက်နယ်စပ် ကေအိုင်အေ စခန်းများတည်ရှိရာ နေရာများ တွင် စက်တင်ဘာ ၁၃ ရက်မှစ တင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၃ ရက်အထိဆက်လက်ဖြစ်ပွားနေကြောင်း ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

တိုက်ပွဲကာလကြာရှည်လာ ချိန်တွင် မြစ်ကြီးနားနှင့် တနိုင်းမြို့ ဒေသခံ တစ်ထောင်ကျော်တို့က ကချင်ပြည်နယ်၌ တပ်မတော်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တနိုင်း မြို့တွင် လူကိုးရာခန့်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး  မြစ်ကြီးနား မြို့တွင် ခွင့်ပြုမိန့်မရ၍ မြစ်ကြီး နားမြို့ မနောကွင်း၌ လူထောင်ချီပါဝင်သော ဆုတောင်းပွဲကျင်းပခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ်လည်း ကချင်ပြည် နယ်သို့ စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာသွား ရောက်ခဲ့ပြီး တိုက်ပွဲများရပ်တန့် ရန် အမေရိကန်သံရုံးက ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။
ကချင်ဒေသနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်က စက်တင် ဘာ ၂၂ ရက်တွင် သတင်းထုတ် ပြန်ရာ၌ ဝိုင်းမော်မြို့နယ်အတွင်း ပုံမှန်အုပ်ချုပ်မှု  ကိစ္စရပ်များအတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းကို စက်တင်ဘာ ၂၁ ရက်တွင် ကေအိုင်အေလက်နက် ကိုင်အဖွဲ့က ဆွဲမိုင်းနှစ်လုံးဖောက် ခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မ တော်စစ်ကြောင်းက ပြန်လည်ပစ် ခတ်ခဲ့သောကြောင့် ဆုတ်ခွာသွား ကြကြောင်း၊ ယင်းဖြစ်စဉ်တွင် တပ်မတော်သားအချို့ကျဆုံးပြီး အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။ ထို့ပြင် ဒေသခံများနှင့် ဒေသတွင်းလုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း  သတင်းထုတ်ပြန်ထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment