ရန်ကုန်တိုင်းဒေသကြီး တွင် ငါးနှစ်အတွင်း စက်သုံးဆီ အရောင်းဆိုင် ၁၈ ဆိုင်ကို အရေး ယူခဲ့ကြောင်း သတင်းရရှိသည်။
စက်သုံးဆီအရောင်းဆိုင် များ အခြင်အတွယ်မမှန်ကန်ခြင်း၊ အရည်အသွေး မပြည့်မီခြင်းနှင့် သတ်မှတ်စည်းကမ်းချက်များ မလိုက်နာခြင်းတို့ကို တိုင်ကြား ချက်အရ ဝင်ရောက်စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းတို့ ပြုလုပ်၍ အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဦးဟံထွန်းက ပြောကြားသည်။
၂၀၁၂ စက်တင်ဘာမှ ယခု နှစ်အထိ အခြင်အတွယ်မမှန်ကန် ခြင်းကြောင့် အရောင်းဆိုင် ၁၂ ဆိုင်ကို တစ်လပိတ်သိမ်းအရေးယူခဲ့ပြီး ဒုတိယအကြိမ် ထပ်မံစစ်ဆေး တွေ့ရှိခြင်းကြောင့် ဆိုင်လေးဆိုင် ကို သုံးလပိတ်သိမ်း အရေးယူခဲ့ကြောင်း အောက်တိုဘာ ၃ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၏ စက်သုံးဆီ အရောင်းဆိုင်များကို အရေးယူ မှုနှင့် စည်းကမ်းကြပ်မတ်မှုများနှင့် ပတ်သက်သည့် မေးခွန်းကို ဖြေ ကြားခြင်းဖြစ်သည်။
စက်သုံးဆီဆိုင် အရည် အသွေးမပြည့်မီ အရောင်းဆိုင် များကိုလည်း ဓာတ်ခွဲခန်း တပ်ဆင်ထားသည့် မော်တော်ယာဉ်ဖြင့် စစ်ဆေးရာ တစ်ဆိုင်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ရောင်းချခွင့် သုံးလပိတ်သိမ်းအရေးယူခဲ့ကြောင်း ဝန်ကြီး ဦးဟံထွန်းက ပြောသည်။
စက်သုံးဆီအရောင်းဆိုင် များ လိုက်နာရမည့် ညွှန်ကြား ချက်များအား လိုက်နာဆောင် ရွက်ခြင်းမရှိသည့် ဆိုင်တစ်ဆိုင်ကိုလည်း သုံးလပိတ်သိမ်း အရေးယူမှုပြုလုပ်ခဲ့သည်ဟုဆိုသည်။
‘‘စက်သုံးဆီအရောင်းဆိုင် တွေတိုင်း ရောင်းဝယ်ရေးအရာရှိ က လိုအပ်သလို စစ်ဆေးမှုတွေ လုပ်နေတာရှိပါတယ်။ မီးဘေးလုံ ခြုံမှုရှိရေးကိစ္စအတွက်လည်း သတိပေးတာတွေ အသိပညာပေး တာတွေ လုပ်နေပါတယ်’’ဟု ဦးဟံထွန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိအချိန်အထိ စက်သုံးဆီ အရောင်းဆိုင် ၁၄၃ ဆိုင် ဖွင့်လှစ် ထားသည်။
Credit To>>> 7 Day Daily
0 comments:
Post a Comment