Tuesday, October 4, 2016

ဖားကန့်ရတနာနယ်မြေအပါအ၀င် ယခုလတွင် သက်တမ်းကုန်မည့် ကျောက်မျက် လုပ်ကွက်ပေါင်း ၂၇၀ ကျော်ကို သက်တမ်းမတိုးဘဲ ယာယီရပ် ဆိုင်း ထားမည်



ကချင် ပြည်နယ် ဖားကန့်ရတနာနယ်မြေ အပါအ၀င် ယခုလတွင် သက်တမ်း ကုန်ဆုံးတော့မည့် ကျောက်မျက်တူး ဖော်သည့် လုပ်ကွက်ပေါင်း ၂၇၀ ကျော်ကို သက်တမ်းတိုးမပေးဘဲ ယာ ယီရပ်ဆိုင်းထား မည်ဖြစ်ကြောင်း သ ယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ ယခုအောက်တိုဘာလအတွင်း လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးမည့် လုပ်ကွက်များမှာ ကချင်ပြည်နယ်၊ လုံး ခင်းဖားကန့်ရတနာနယ်မြေတွင် လုပ် ကွက် ၁၇၅ ကွက်၊ မိုးကုတ်ရတနာ နယ်မြေတွင် လုပ်ကွက် ၃၄ ကွက်၊ မိုင်းရှူးရတနာနယ်မြေတွင် လုပ်ကွက် ၅ ကွက်၊ နန့်ယားဆိပ်ရတနာနယ် မြေတွင် လုပ်ကွက် ၃ ကွက်၊ မိုးညှင်း ရတနာနယ်မြေတွင် လုပ်ကွက် ၅၄ ကွက်၊ ခန္တီးရတနာနယ်မြေတွင် လုပ် ကွက်၂ ကွက်တို့ဖြစ်သည်။ သတ္တုတွင်းဦးစီးဌာနမှ အကြီး တန်းအရာရှိတစ်ဦးက " ကျွန်တော် တို့က သက်တမ်းကုန်တဲ့လုပ်ကွက် တွေကို သက်တမ်းတိုးမပေးပါဘူး။ဆိုင်းငံ့ထားပါတယ်။ ဖားကန့်ဆိုရင် လည်း ဒေသတစ်ခုလုံးကို ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲဖို့ လုပ်ဆောင်နေပါတယ်။ ကျွန်တော် တို့အနေနဲ့ကတော့ လတ်တလောမှာ တော့ သက်တမ်းကုန်ဆုံးတဲ့လုပ်ငန်း တွေကိုယာယီရပ်ဆိုင်းထားပါတယ် " ဟု အောက်တိုဘာ ၃ ရက်က ပြော သည်။ အဆိုပါသက်တမ်းကုန်ဆုံး တော့မည့် လုပ်ကွက်များတွင် ကချင် ပြည်နယ်၊ လုံးခင်းဖားကန့်ရတနာနယ် မြေမှ လုပ်ကွက်အများစုမှာ ၂၀၁၁ ခုနှစ်က ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အခြား နေရာများရှိ လုပ်ကွက်များမှာ ၂၀၁၃ ခုနှစ်က ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတ္တု တွင်းဦးစီးဌာနမှ သိရသည်။ ယင်းနှင့်ပတ်သက်ပြီး သတ္တုတွင်း ပညာရှင် ဦးစောမိုးမြင့်က " ကျောက် မျက်တူးဖော်မှုလုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတွေ ဖြစ်ပေါ် ပါတယ်။ သေချာပြန်ပြီး ပတ် ၀န်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု အစီ အစဉ်ရေးဆွဲပြီးမှ ခွင့်ပြုမယ်ဆိုတာ ကောင်းပါတယ် " ဟု သုံးသပ်ပြော သည်။ ကချင်ပြည်နယ်ရှိ ကျောက်မျက် လုပ်ငန်းများမှာ ၁၉၉၅ ခုနှစ် နောက် ပိုင်း ကျောက်စိမ်းရိုင်းတူးဖော်မှုလုပ် ငန်းကို အရွယ်အစားကြီးမားသည့် ကျောက်ဖောက်စက်၊ မြေကော်စက်၊ မြေတူးစက်စသည့် စက်ယန္တရားများ ကိုအသုံးပြုပြီး ဟင်းလင်းဖွင့်စနစ်ဖြင့် တူးဖော်ခွင့်ပြုခဲ့ပြီး တူးဖော်ရရှိသည့် မြေစာများကို စက်ယန္တရားများအသုံး ပြုပြီး မြေစာပုံများတွင် သွားရောက် စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။ ဖားကန့် ရတနာနယ်မြေရှိ ကျောက်မျက်ကုမ္ပဏီတစ်ခုတွင် လုပ် ကိုင်နေသူတစ်ဦးက "လောလောဆယ် တော့ ရပ်ဆိုင်းထားတာကောင်းပါ တယ်။ စနစ် တကျ နဲ့ ကြပ်မတ် ဖို့တော့ လိုတာပေါ့။ တူးဖော်ရေးတွေဘာ တွေကြပ်မတ်ပြီး စနစ်တကျထိန်းဖို့ တော့လိုအပ်လာတဲ့ အချိန်ဖြစ်ပါ တယ်" ဟု သုံးသပ်ပြောသည်။ Credit To >>> Democray Today

0 comments:

Post a Comment