တရုတ်ရဲ့ နိုင်ငံသုံးငွေကြေး ယွမ်ငွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ၁ ရက်မှာတော့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အရန်ငွေကြေးစာရင်းထဲမှာ ပါဝင်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ယင်းအတွက်ကြောင့်လည်း ငွေကြေးပိုင်းနဲ့ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအင်အားစုတစ်ခုအဖြစ် အသိအမှတ်ပြုခံရဖို့ တရုတ်အစိုးရရဲ့ကြိုးပမ်းမှုတွေအတွက်လည်း သမိုင်းမှတ်တိုင်သစ်တစ်ရပ်ကို စိုက်ထူလိုက်နိုင်တာလည်းဖြစ်ပါတယ်။
ယခုဆိုရင် တရုတ်ရဲ့ ယွမ်ငွေဟာဆိုရင် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယန်းနဲ့ဗြိတိန် စတာလင်ပေါင် ငွေကြေးတွေနဲ့အတူ IMF ရဲ့ အထူးအခွင့်အရေးရငွေကြေးစာရင်းထဲမှာ ပါဝင်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်နောက်ပိုင်း ယခုလို ငွေကြေးအသစ်ကို ယင်းကမ္ဘာသုံးအရန်ငွေကြေးစာရင်းထဲမှာ ထပ်ပေါင်းလိုက်နင်တာလည်းဖြစ်ပါတယ်။ အလားတူ တရုတ် ကွန်မြူနစ်ပါတီက ၁၉၄၉ ခုနှစ် တရုတ်ပြည့်သူ့
သမ္မတနိုင်ငံ ထူထောင်မှုအခမ်းအနားကို ကျင်းပတဲ့နေ့နဲ့တစ်ရက်တည်းမှာပဲ IMF က ယင်းယွမ်ငွေကြေးကို စာရင်းထဲ ထည့်ပေါင်းပေးလိုက်တာဖြစ်ပါတယ်။
သမ္မတနိုင်ငံ ထူထောင်မှုအခမ်းအနားကို ကျင်းပတဲ့နေ့နဲ့တစ်ရက်တည်းမှာပဲ IMF က ယင်းယွမ်ငွေကြေးကို စာရင်းထဲ ထည့်ပေါင်းပေးလိုက်တာဖြစ်ပါတယ်။
“ ခုလိုမျိုး IMF ရဲ့ ကမ္ဘာ့အရန်သုံးငွေကြေးစာရင်းထဲမှာ ယွမ်ငွေကို ထည့်သွင်းလိုက်ခြင်းအားဖြင့် ဒါဟာ ကျွန်တော်တို့ တရုတ်ရဲ့ စီးပွားရေးတိုးတက်မှုပိုင်း အောင်မြင်မှုတွေကို အတည်ပြုပေးလိုက်ရာ ရောက်သလိုပြုပြင်ပြောင်းလဲမှုနဲ့ ဘဏ္ဍာရေးကဏ္ဍပိုင်းမှာလည်း လမ်းဖွင့်ပေးလိုက်ခြင်းပါပဲ” လို့ တရုတ်ပြည်သူ့ ဗဟိုဘဏ်က ကြေညာချက်တစ်စောင် ထုတ်ပြန်သွားခဲ့ပါတယ်။
ယခုအခွင့်အရေးကို အသုံးချပြီးတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ပိုမိုလုပ်ဆောင်ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုပိုင်းမှာ ပိုမိုမြှင့်တင်ပေးသွားမယ်လို့ ယင်းဘဏ်က ထုတ်ပြန်သွားပါတယ်။
Credit To >>> SFJ Strategy First Journal

0 comments:
Post a Comment