
ဝန်ကြီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ချက်အရ ပို့ကုန်ကန်ဒေါ်လာ ၅ ဒသ မ ၂၉ ဘီလီယံအထိရှိလာပြီး သွင်းကုန်ကန်ဒေါ်လာ ၇ ဒသမ ၁၁ ဘီလီယံအထိရှိနေတာလည်းဖြစ်ပါတယ်။
အခုဘဏ္ဍာနှစ်မှာလည်း ပို့ကုန်၊သွင်းကုန်ကွာဟချက်အချိုးမြင့်မားနေ ဆဲဖြစ်သော်လည်း အရင်ဘဏ္ဍာနှစ်ကာလတူကုန်သွယ်မှုထက် သွင်း ကုန်ကန်ဒေါ်လာ ၅၀၈ သန်းကျော်လျော့နည်းနေပါတယ်။
" ပြည်တွင်းလုပ်ငန်းတွေအတော်များများ မကောင်းကြတော့လုပ်ငန်းရှင်အများစုက သိပ်မလှုပ်ရှားကြဘူး၊ ကျွန်တော်တို့တွေလည်း အလုပ်မကောင်းဘူး၊မူတွေလည်းနည်းနည်းတင်းလာတော့ အများစုကငြိမ်နေကြတာ၊ အဲဒါကြောင့်မို့ သွင်းကုန်ကျတာထင်တယ်"လို့ ကားတင်သွင်းလုပ်ငန်းရှင်ဦးမင်းဦးကပြောပါတယ်။
ဒေါ်လာဈေးမြင့်တက်နေတာကြောင့်လည်း အမှန်တကယ်လိုအပ်တဲ့သူ တွေလောက်သာ ကုန်စည်မှာယူတာမျိုးဖြစ်နိုင်ပြီး လုပ်ငန်းရှင်အများစု ကတော့ အခုလိုအချိန်မျိုးမှာ လှုပ်ရှားမှုသိပ်မရှိပါဘူးလို့ ယင်းကထပ်ပြီးပြောဆိုပါတယ်။
ဝန်ကြီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေထဲမှာ ရင်းနှီးမြုပ်နှံ့မှုကုန်ပစ္စည်းတင်သွင်းမှုက ကန်ဒေါ်လာ ၂ ဒသမ ၉၇ ဘီလီယံ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းက ကန်ဒေါ်လာ ၂ ဒသမ ၄၂ ဘီလီယံနဲ့ လူသုံးကုန်ပစ္စည်းတင်သွင်းမှုက ကန်ဒေါ်လာ ၁ ဒသမ ၇၁ ဘီလီယံကျော်အထိရှိထားပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ် စက်တင်ဘာ တတိယအပတ်အထိ နိုင်ငံကုန်သွယ်မှု ကန်ဒေါ်လာ ၁၂ ဒသမ ၄ ဘီလီယံအထိရှိထားပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူကုန်သွယ်မှုထက်လည်း ကန်ဒေါ်လာ သန်း ၄၀၀ ကျော်လျော့နည်းနေပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment