Friday, September 30, 2016

ငါးနှင့်ပုစွန်များ ထိုင်းမှ တရားဝင် တင်သွင်းရောင်းချခွင့်ပြုရန် မြန်မာအိုးရီးယင့်ကုမ္ပဏီ တင်ပြ

ထိုင်းနိုင်ငံမှ ငါးနှင့်ပုစွန် များ တရားဝင်တင်သွင်းရောင်းချ ခွင့်ပြုရန် ပြည်တွင်းကုမ္ပဏီ မြန်မာအိုးရီးယင့်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြထားပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ခွင့်ပြုရန်အကြံပြုထားကြောင်း သတင်းရရှိသည်။
မြန်မာအိုးရီးယင့်ကုမ္ပဏီက ထိုင်းနိုင်ငံမှ ငါးနှင့်ပုစွန်စုစုပေါင်းဆယ်မျိုး တင်သွင်းရန် တင်ပြထားပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ငါးရောင်၊ ကကတစ်၊ ငါးပြေမ၊ ငါးရံ့၊ ဗနားမီးပုစွန်၊ ရေငန်ပုစွန်ဖြူနှင့် ရေချိုပုစွန်ဖြူတို့ကို ခွင့်ပြုသင့်ကြောင်း အကြံပြုထားခြင်း ဖြစ်သည်။ ‘‘အဲဒီ ငါးနဲ့ ပုစွန်တွေဟာ သဘာဝကိုအခြေခံပြီး ရာသီအ လိုက်ဖမ်းဆီးရမိတာရယ်၊ မြန်မာ နိုင်ငံရဲ့ ရေချို၊ရေငန်ပုစွန်မွေးမြူ ရေး လုပ်ငန်းတွေဟာလည်း အ ခက်အခဲအမျိုးမျိုးကြောင့် ခေတ္တ ရပ်နားထားရတဲ့ အခြေအနေမှာ ရှိ ပါတယ်။ ကျွန်တော်တို့ဆီမှာက ရာသီမဟုတ်ရင် အဲဒီငါးတွေက ဈေးကြီးတယ်။ ယာယီတင်သွင်း ခွင့်ပြုဖို့ ကျွန်တော်တို့တင်ပြလိုက် ပါတယ်’’ဟု မြန်မာနိုင်ငံ ငါးလုပ် ငန်းအဖွဲ့ချုပ်အထွေထွေအတွင်း ရေးမှူးဦးဝင်းကြိုင်ကပြောသည်။ ထိုင်းနိုင်ငံမှ ငါးနှင့် ပုစွန် တင်သွင်းရန် ၀န်ကြီးဌာနသို့တင် ပြသော မြန်မာအိုးရီးယင့် ကုမ္ပ ဏီသည် မြန်မာနိုင်ငံ ရေထွက် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းဝင်ဖြစ် ပြီး ယခုဘဏ္ဍာနှစ်အတွင်း တင် သွင်းရန်စီစဉ်နေသည်။ ထိုင်းနိုင်ငံက တင်သွင်းခွင့်ပြု ရန်တင်ပြထားသော ငါးမြစ်ချင်း၊ ငါးကြင်းဖြူနှင့် ရွှေဝါငါးကြင်းအ မျိုးအစားများသည် ပြည်တွင်း တွင် အောင်မြင်စွာထုတ်လုပ်နိုင် ကာ စားသုံးမှုလုံလောက်ပြီးပြည် ပသို့ တင်ပို့နေ၍ အစိုးရအနေဖြင့် တင်သွင်းရန် လုံးဝခွင့်မပြုသင့်ကြောင်း ၀န်ကြီးဌာနသို့ အ ကြောင်းပြန်ခဲ့သည်ဟု ဦးဝင်းကြိုင်ကပြောသည်။ ထိုင်းနိုင်ငံမှ ငါးနှင့်ပုစွန်များ တင်သွင်းရန် မြန်မာနိုင်ငံ ငါးလုပ် ငန်းအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အပေါ်သဘောမတူနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဒေါက်တာမြင့်စိန်က ပြောကြားသည်။ ‘‘ငါးသုံးမျိုးကလွဲပြီး ကျန် တာသွင်းဆိုတာကိုတော့ တော် တော်စိတ်မကောင်းဖြစ်မိတယ်။ သိရင်တော့ မသွင်းနဲ့လို့ပြောမှာ။ ဒီအဖွဲ့ချုပ်ကလူတွေစုပေါင်းလုပ် ရင် ကန်ထရိုက်ဖန်းမင်းအနေနဲ့ ဖြစ်ပါတယ်။ နိုင်ငံခြားကို ပို့နေရ တဲ့ငါးကို နိုင်ငံခြားကနေ ပြန်သွင်း ရတဲ့အဆင့်ရောက်နေပြီဆိုတော့ ကျွန်တော့်မျက်နှာကို လှီးပစ်ချင် ပါတယ်။ အင်မတန်ရှက်ပါတယ်’’ ဟု ဒေါက်တာ မြင့်စိန်က ပြောသည်။ယခင်က ထိုင်းနိုင်ငံမှ မွေးမြူ ထုတ်လုပ်သော ငါးနှင့်ပုစွန်များ ကို တရားမ၀င်တင်သွင်းရောင်းချ မှုများရှိနေပြီး ယခုအခါတရားဝင် တင်သွင်းရောင်းချခွင့်ပြုရန် ပြည် တွင်းကုမ္ပဏီများက ပထမဆုံးအ ကြိမ်တင်ပြထားသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment