မြန်မာ့ကျောက်မျက်ရတနာဈေးကွက်အား နိုင်ငံတကာနဲ့ပြိုင်ဆိုင်လာနိုင်ဖို့အတွက် တန်ဖိုးမြှင့် ကျောက်မျက်ရတနာလုပ်ငန်းကို အလေးထား ပံ့ပိုးကူညီရမယ်လို့ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဖြစ်သူဒေါက်တာအောင်ကျော်ဝင်းက ပြောကြားခဲ့ပါတယ်။
ယမန်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်မှတာဝန်ရှိသူများနဲ့ အမေရိကန် ကျောက်မျက်ကုန်သွယ်ရေးအသင်း(AGTA)မှာ တာဝန်ရှိသူများ တွေ့ဆုံတဲ့ အစည်းအဝေးမှာပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယခင်အစိုးရလက်ထက်မှာတော့ တန်ဖိုးမြှင့်ကျောက်မျက်ရတနာထုတ်လုပ်မှုထက် ကျောက်အရိုင်းတုံးများ တူးဖော်ရောင်းချခြင်းကိုသာ ဦးစားပေးခဲ့တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ တန်ဖိုးမြှင့်ကျောက်မျက်ရတနာ ထုတ်ကုန်တန်ဖိုး မှာ
တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့်သာ ရှိပြီး အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ကျောက်မျက်ရတနာ ထုတ်ကုန်တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိနေပါတယ်။အစိုးရအနေနဲ့ မြန်မာ့ကျောက်မျက်ရတနာကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့အတွက် သွင်းကုန်-ပို့ကုန်ဆိုင်ရာ လုပ်ငန်းစဉ်များ လက်တွေ့နဲ့လိုက်ဖက်ညီ တိကျစေရန်၊ တရားမဝင်ကုန်သွယ်မှုကို အားပေးသလိုဖြစ်နေတဲ့ သွင်းကုန်-ပို့ကုန်ဆိုင်ရာ အခွန်စည်းကြပ်မှုများကို ပြန်လည် သုံးသပ်ရန်နဲ့

ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ကြပ်မတ်နိုင်သော လွတ်လပ်သော အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းသတ်မှတ်ပေးရန် စတဲ့အချက်သုံးချက်ကိုဒေါက်တာအောင်ကျော်ဝင်းက တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အနေနဲ့ ကျောက်မျက်ရတနာ တန်ဖိုးမြှင့် လုပ်ငန်းများဖွံ့ဖြိုးလာဖို့အတွက် Master Plan တစ်ခု ရေးဆွဲကာအစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ကို မူတည်ပြီး ကုန်သွယ်မှုမြှင့်တင်ဖို့ ရည်ရွည်တယ်လို့ သိရပါတယ်။
လူမှုရေးတာဝန်ခံသော၊ ရေရှည်တည်တံ့သော ကျောက်မျက်ရတနာလုပ်ငန်းများဖြစ်လာရန် အလွန်အရေးကြီးတယ်လို့ကျောက်မျက်ရတနာလုပ်ငန်းရှင်များက ပြောပါတယ်။
မြန်မာ့ ကျောက်မျက်ရတနာများက ကမ္ဘာပေါ်ကျောက်မျက်ရတနာဈေးကွက်မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေးရှိတယ်လို့ အမေရိကန် ကျောက်မျက်ကုန်သွယ်ရေးအသင်း (AGTA) မှာတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
အမေရိကန် ကျောက်မျက်ကုန်သွယ်ရေးအသင်း (AGTA)ကမြန်မာနိုင်ငံမှာ ကျောက်မျက်ရတနာလုပ်ငန်းနဲ့ ပတ်သက်ပြီး လုပ်ငန်းစနစ် မူဘောင်သစ်များ ချမှတ်ဆောင်ရွက်နိုင်ဖို့နဲ့ကျောက်မျက်ရတနာလုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးအတွက်ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်အတွက် ရည်ရွယ်လာရောက်တာဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment