
လက်ရှိတွင် အမြန်လမ်းမကြီး ပေါ်၌သတ်မှတ်အမြန်နှုန်းထက်ကျော်လွန်မောင်းနှင်သည့်ယာဉ်များ ကို ၂၀၁ မိုင်တိုးဂိတ်နှင့် အမှတ် (၃)တိုးဂိတ်တို့တွင် ဖမ်းဆီးရေးအဖွဲ့ များဖွဲ့ကာ ဆောင်ရွက်လျက်ရှိပြီး ယခု အခါ အမြန်လမ်းမကြီးတစ်လျှောက် တွင်ရှိသော မော်တော်ယာဉ်တရား ရုံးရှိသည့်မြို့နယ်များတွင်လည်း ဖမ်း ဆီးရေးဂိတ်များ ထပ်မံတိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ နေပြည်တော် ၂၀၁ မိုင် တိုး ဂိတ်ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဒီမိုကရေစီတူဒေးသို့ အောက် တိုဘာ ၁၇ ရက်တွင်ပြောသည်။
""အမြန်လမ်းမကြီးတစ်လျှောက် ကရန်ကုန်၊ပဲခူး၊ နေပြည်တော်နဲ့မန္တလေးတိုင်း
တို့နဲ့ဆက်စပ်နေတယ်။ ဖမ်းဆီးရေးလုပ်တဲ့အခါမှာ အဲဒီတိုင်း တွေရဲ့သက်ဆိုင်ရာမြို့နယ်တွေတိုင်း မော်တော်ယာဉ်တရားရုံးတွေရှိတဲ့ နေရာတွေမှာပဲ ဖမ်းဆီးရေးဂိတ်တွေ ထားမှာဖြစ်ပါတယ်။ ဒီလထဲမှာတော့ ဖမ်းဆီးရေးဂိတ်တွေထပ်တိုးနိုင်ဖို့ စီစဉ်ထားတယ်။ တဖြည်းဖြည်းနဲ့ တိုး ချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်""ဟု ၎င်းင်းကပြောသည်။
လက်ရှိတွင် အမြန်လမ်းမကြီး တစ်လျှောက် မော်တော်ယာဉ်တရား ရုံးရှိသည့် နေရာများသည် နေ ပြည်တော်(ဇမ္ဗူသီရိ) မော်တော် ယာဉ်တရားရုံး၊ လှည်းကူးမြို့နယ် တရားရုံးနှင့် တံတားဦးမြို့နယ်မော် တော်ယာဉ်တရားရုံးတို့ဖြစ်ပြီး သက် ဆိုင်ရာမြို့နယ်တိုင်းတွင် မော်တော် ယာဉ်တရားရုံးများ ဖွင့်လှစ်နိုင်ရေး ကိုလည်း ဆက်လက်ဆောင်ရွက်သွား ရန်အစီအစဉ်ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
အမြန်လမ်းမကြီးတစ်လျှောက် သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်း နှင်သည့်ယာဉ်များကို စက်တင်ဘာ ၁ ရက်မှစတင်ကာ ၂၀၁၅ ခုနှစ် မော် တော်ယာဉ်ဥပဒေအရ တရားစွဲဆို အရေးယူနေခြင်းဖြစ်သည်။ယင်းကဲ့သို့ စတင်အရေးယူ သည့် စက်တင်ဘာ ၁ ရက်မှ အောက် တိုဘာ ၁၆ ရက်အတွင်း ဖမ်းဆီးရမိ သည့် မော်တော်ယာဉ်စုစုပေါင်း ၂၂၆၉ စီးရှိခဲ့ရာ တရားစွဲဆိုပြီးသည့်ယာဉ် ၁၇၃၄ စီးဖြစ်ပြီး တရားစွဲဆိုရန်ကျန် သော ယာဉ်စီးရေ ၅၃၅ စီးရှိကြောင်း သိရသည်။
အမြန်လမ်းတစ်လျှောက် သတ်မှတ်အမြန်နှုန်းထက်ကျော်လွန်မောင်း
နှင်သည့်ယာဉ်များအားစက်တင်ဘာ ၁ ရက်မှ ၁၉ ရက်အတွင်း နေပြည် တော်(ဇမ္ဗူသီရိ)မော်တော်ယာဉ် တရား ရုံး၌သာ တရားစွဲဆိုနေခြင်းဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်မှစတင်ကာ အမှတ် (၃)တိုးဂိတ်ဖမ်းဆီးရေးအဖွဲ့ က လှည်းကူးမြို့နယ်တရားရုံးတွင် တရားဆို၍ နေပြည်တော် ၂၀၁ မိုင် တိုးဂိတ်တွင် ဖမ်းဆီးသည့်ယာဉ်များ ကို နေပြည်တော်(ဇဗ္မူသီရိ)မော်တော် ယာဉ်တရားရုံး၌ တရားစွဲဆိုလျက်ရှိ ကြောင်းသိရသည်။
ယင်းအမြန်လမ်းမကြီးတစ် လျှောက်တွင် ရေဒါစနစ်သုံးအရှိန်နှုန်း တိုင်းတာစက်ခုနစ်လုံးတပ်ဆင်ကာ စောင့်ကြည့်အရေးယူနေခြင်းဖြစ် သည်။
သတ်မှတ်အရှိန်ထက်ပိုမောင်း သောယာဉ်မောင်းများကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ်အက်ဥပဒေပုဒ်မ ၅၈ (က)ဖြင့် တရားစွဲဆိုခြင်းဖြစ်ပြီး
ပြစ် ဒဏ်မှာ တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ(သို့မဟုတ်)ကျပ်
ငါး သောင်းထက်မပိုသော ငွေဒဏ်ဖြစ် စေ(သို့မဟုတ်)ဒဏ်နှစ်ရပ်စလုံးဖြစ်
စေချမှတ်နိုင်ကြောင်းသိရသည်။
Credit To >>> Democracy Today
0 comments:
Post a Comment