
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ မြန်မာ့ ကျောက်မျက်ရတနာ
ကော်မတီက ၂၀၁၆ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမမှာပြုလုပ်မှာဖြစ်ပါတယ်။
ရတနာပြပွဲမှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကျောက်စိမ်း၊ကျောက်မျက်အရိုင်းတုံးများ၊ သွေးပြီး အချောထည်များ၊ လက်ဝတ်ရတနာများ၊ ရုပ်တုရုပ်ထွင်းများ၊ ကျောက်ကပ်ပန်းချီကားများ၊ ရွှေထည်ငွေထည်များကို နိုင်ငံခြားယူရိုငွေ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို အခြေခံဈေးနှုန်းသတ်မှတ်ပြီး အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့နဲ့ရောင်းချမှာဖြစ်ပါတယ်။
ပြည်ပရတနာကုန်သည်များအနေနဲ့ အာမခံစပေါ်ငွေပေးသွင်းပြီး တန်ဖိုးသတ်မှတ်ချက်များအတိုင်း ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ ကျောက်မျက် အနည်းဆုံးအာမခံစပေါ်ငွေ ယူရို (၁၀၀၀၀) ပေးသွင်းထားပါကကျောက်အတွဲ တန်ဖိုး ယူရို (၂၀၀၀၀၀) ၀ယ်ယူခွင့်ပြုမှာဖြစ်ပြီးကျောက်စိမ်းအတွက် အနည်းဆုံးအာမခံစပေါ်ငွေ ယူရို (၅၀၀၀၀) ပေးသွင်းထားပါက ကျောက်အတွဲ တန်ဖိုးယူရို (၁၀၀၀၀၀၀) ၀ယ်ယူခွင့်ပြုမှာ ဖြစ်ပါတယ်။အနည်းဆုံးသတ်မှတ်ထားတဲ့ အာမခံစပေါ်ငွေ အပေါ် ၀ယ်ယူခွင့်ပြုမယ့် ကျောက်အတွဲ တန်ဖိုးထက် ပိုမို ၀ယ်ယူလိုပါက ၀ယ်ယူလိုတဲ့ ကျောက်အတွဲ တန်ဖိုးရဲ့၅ ရာခိုင်နှုန်းကို စပေါ်ငွေအဖြစ် ပြပွဲရက်အတွင်းပေးသွင်းရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ မှ ဇူလိုင် ၆ အထိကျင်းပခဲ့တဲ့ကျောက်မျက်ရတနာပြပွဲမှာ ပုလဲ၊ ကျောက်မျက်နဲ့ကျောက်စိမ်းအတွဲပေါင်း ၄၃၂၂ တွဲကို ရောင်းချခဲ့ရပြီး တန်ဖိုးယူရို ၅၃၃ သန်းကျော် ရှိခဲ့ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment