Monday, September 26, 2016

ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ဖွင့်လှစ်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ တောင်တန်းထူထပ်သော ဒေသတစ်နေရာတွင် ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုပ်ကို စက်တင်ဘာ ၂၅ ရက်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ကမ္ဘာ့အကြီးဆုံးတယ်လီစကုပ်ကို ကွေ့ကျိုးပြည်နယ် ပင်တန်းစီရင်စုရှိ ကာ့စ်တောင်ကြားဒေသ၌ တည်ဆောက်ထားသည်။ စက်တင်ဘာ ၂၅ ရက်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ နက္ခတ္တဗေဒပညာရှင်များနှင့် နက္ခတ္တဗေဒ ဝါသနာရှင် ရာပေါင်းများစွာ တက်ရောက်ကြသည်။
ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုပ်မှာ ဘောလုံးကွင်း ၃ဝ ၏ နေရာပမာဏတမျှရှိပြီး အချင်း မီတာ ၅ဝဝ (ပေ ၁၆ဝဝ)စလောင်းကို တပ်ဆင်ထားသည်။
အဆိုပါအဝေးကြည့်မှန်ပြောင်းကို APerture Spherical Telescope ဟု အမည်ပေးထားပြီး ဂြိုဟ်တာရာများကို လေ့လာနိုင်မည်ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုပ် တည်ဆောက်ရေးစီမံကိန်းကို ၂ဝ၁၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် တည်ဆောက်ရေးလုပ်ငန်းပြီးစီးခဲ့ကာ စက်တင်ဘာ ၂၅ ရက်မှစ၍ အသုံးပြုလျက်ရှိသည်။
ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်ကို ဖွင့်လှစ်နိုင်ခြင်းဖြင့် နက္ခတ္တနှင့် အာကာသရေးရာစူးစမ်းလေ့လာမှုများကို ပြုလုပ်နိုင်မည့်အပြင် ဒေသဆိုင်ရာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
အဆိုပါတယ်လီစကုပ်အတွက် အလင်းပြန်ပြား ၄၄၅ဝ တပ်ဆင်ရေးလုပ်ငန်းမှာ ဇူလိုင်လအစောပိုင်းတွင် ပြီးဆုံးခဲ့သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment