Friday, September 30, 2016

ဆီထွက်သီးနှံမှ ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်သို့တင်ပို့နိုင်ရေး စီမံကိန်းတစ်ခုကို လာမည့်အောက်တိုဘာလမှ စတင်ဆောင်ရွက်သွားမည်


ပြည် တွင်းဆီထွက်သီးနှံမှ ထုတ်ကုန် များ နိုင်ငံ တကာဈေးကွက်သို့တင်ပို့နိုင် ရေးစီမံကိန်းတစ်ခုကို လာမည့် အောက် တိုဘာလ မှစတင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းကာလကို ၂၀၁၆ အောက်တိုဘာလမှစတင် ကာ ၂၀၁၈ ခုနှစ်အထိ သတ်မှတ်ထား ပြီး International Trade Center (ITC) ၏အကူအညီဖြင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်း ၀န် ဦးတိုး အောင်မြင့် က ဆိုသည်။ ဦးတိုးအောင်မြင့်က " ၂၀၁၆ အောက်တိုဘာလကစပြီး ၂၀၁၈ ခု နှစ်အထိ နှစ်နှစ် ခွဲကာလမှာ ဆီထွက် သီးနှံအတွက်ကို အိုင်တီစီခေါ်တဲ့ အင်တာနေရှင်နယ်ထရိတ်စင်တာ ကနေပြီးတော့ အကူအညီနဲ့စီမံကိန်း စမှာပါ " ဟု စက်တင်ဘာ ၂၉ ရက်က ဒီမိုကရေစီတူဒေးကို ပြောသည်။ ယင်းစီမံကိန်းဧရိယာအနေဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးများတွင် ဆောင်ရွက် သွားမည် ဖြစ်ပြီး နိုင်ငံ တကာနဲ့ချိတ်ဆက်ကာ အတွေ့အကြုံများ၊ ယင်းတို့၏လုပ် ငန်းဆောင်ရွက် မှုများ ကို လေ့လာ ကာ ပြန်လည်ထုတ်လုပ်နိုင်ရေးအတွက် ရည်မှန်းဆောင် ရွက်သွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီး ဌာနမှ သိရသည်။ ဦးတိုးအောင်မြင့်က " ဆီထွက် သီးနှံမှာ အဓိကတော့ဆီကို ထုတ် ပြီးတော့ ပြည် ပ ပို့နိုင်တဲ့အဆင့်ထိ လုပ်နိုင်တဲ့အခြေအနေကို ITC အကူ အညီနဲ့သင်တန်းပေးပါမယ် " ဟုထပ် မံပြောသည်။ လက်ရှိအစိုးရလက်ထက်ငါးနှစ် တာကာလအတွင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန အနေဖြင့် ပို့ကုန်သုံးဆ အထိ မြှင့် တင်နိုင်ရန်ရည်မှန်းချက်ထား ဆောင် ရွက်လျက်ရှိရာ ဆန်စပါး၊ ရေထွက် ပို့ကုန်၊ ချည်မျှင်နှင့် အထည်၊သစ် အချောထည် ၊ ခရီးသွားလုပ်ငန်း၊ ပဲ နှင့်ဆီထွက်သီးနှံနှင့်ရော်ဘာတို့အား တိုင်းပြည်၏အဓိကပို့ကုန်များအဖြစ် အမျိုးသားပို့ကုန် မဟာဗျူဟာရေး ဆွဲကာ တိုးမြှင့်တင်ပို့နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်စိုးက " ပြည် တွင်းက ဆီကို ပြည်ပပို့ဖို့ကတော့ မလွယ်ဘူး။ စိုက်ပျိုးတာကနေ ထုတ် လုပ်တဲ့ အထိ နိုင် ငံ တ ကာအသိအ မှတ်ပြုလက်မှတ်တွေ အများကြီးလို တယ်။ နိုင်ငံ တကာဈေးကွက်ကို ထိုး ဖောက်မယ်ဆို ရင် တစ်ဦးချင်းစီထက် စုပေါင်းဆောင်ရွက် မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်။ အဲဒါကြောင့် နောက် ပိုင်းမှာအသင်းအနေနဲ့ အများ ပိုင်ကုမ္ပဏီထောင်ပြီး ဆောင် ရွက် သွားဖို့အစီအစဉ်ရှိပါတယ် " ဟုပြော သည်။ # Democracy Today

0 comments:

Post a Comment