Friday, September 30, 2016

ရင်းနှီးမြှုပ်နှံခြင်းနှင့်အတူ အလုပ်ရှင်၊ အလုပ်သမားအရေး အီးယူနှင့်ဒိန်းမတ် ကူညီမည်



ရင်းနှီး မြှုပ်နှံခြင်းနှင့် အတူ မြန်မာနိုင်ငံ၏အလုပ် ရှင်၊ အလုပ်သမားအရေး အီး ယူနှင့်ဒိန်းမတ်တို့ ကူညီထောက်ပံ့ ပေး သွားမည်ဟု သိရ သည်။ယင်းသို့ ကူညီထောက်ပံ့ပေးရေး အတွက် စက်တင်ဘာ ၂၉ ရက် မနက် ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် တွင် အလုပ်သမား၊ လူဝင်မှုကြီး ကြပ် ရေးနှင့် ပြည် သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးနှင့် န့ ဆိုင်ရာသံ အမတ်ကြီး၊ အီးယူ၏အ လုပ် သမားရေးရာ ညွှန်ကြားရေးမှူး ချုပ်၊ ကုန်သွယ်ရေးဆိုင်ရာညွှန်ကြား ရေး မှူးချုပ်တို့ တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ် ခဲ့သ လို နေ့လယ် ပိုင်းတွင် ဒိန်း မတ်အလုပ်သမားဝန် ကြီးနှင့် တွေ့ ဆုံ ဆွေးနွေး မှုများပြုလုပ်ကာ အလုပ်ရှင် အလုပ်သမားရေးရာ ကိစ္စရပ်များ ကူ ညီပေးရေးဆိုင်ရာ နှစ်နိုင်ငံသဘော တူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။ ထိုသို့တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ " ဒီနေ့မနက်ပိုင်းပေါ့၊ အီးယူကသံအမတ်ကြီးရယ်၊ အလုပ် သမားရေးရာဆိုင် ရာညွှန် ချုပ်ရယ်၊ ကုန်သွယ်ရေးဆိုင်ရာညွှန်ချုပ်ရယ်၊ သူတို့နဲ့ဆွေးနွေးကြတာပါ။ အီးယူနဲ့ မြန်မာနိုင်ငံ ဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ် တွေ က လာမည့်နိုဝင် ဘာလမှာ ကုန် သွယ်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးကြမယ်။ အဲဒီအတွက် ကို ကြိုတင်ညှိနှိုင်းတာရယ်၊ သူတို့ က အလုပ်သမားပိုင်းဆိုင် ရာမှာ အီး ယူကလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ် မှာဖြစ်တဲ့အတွက် ဘယ်လိုပတ် ၀န်း ကျင်မျိုး ဖြစ်သင့်တယ်ဆိုတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးပါ တယ် " ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက ပြောသည်။ EU အနေဖြင့်လည်း အကြံ ဥာဏ်များ၊ သင်တန်းပို့ချမှုများကို အလုပ်သမား များအပြင် အလုပ်ရှင် များကိုပါ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ ၀န်ကြီးဌာနနှင့် EU တွေ့ဆုံမှုသည် အလုပ်သမားနှင့် အလုပ်ရှင်တို့အတွက် ကူညီဆောင် ရွက်ပေးမည့်အချက် များကို အဓိက ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ဆက်လက်ဆို သည်။ " EU ကလည်း ကူညီမှာဖြစ်သလို ဒိန်းမတ်ကလည်းကူညီမယ်။ အလုပ် ရှင်တွေ ရယ်၊ အလုပ်သမားတွေရယ် ဒိန်းမတ်ရယ် ကူညီပေးဖို့ကိစ္စတွေ ကို ဆွေးနွေးပြီး မွန်းလွဲတစ်နာရီမှာ လက်မှတ်ထိုးမယ်။ ဒိန်းမတ်နိုင်ငံက လည်းပဲ သူတို့ရဲ့အလုပ် သမား သမဂ္ဂ တွေ ကခိုင်မာတယ်လေ။ မြန်မာနိုင်ငံ မှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေကို သူတို့ကကူညီပံ့ပိုးချင်တယ်။ သူတို့ ရဲ့အတွေ့ အကြုံတွေကိုမျှဝေချင်တယ်။ ပြီးတော့မှ သူတို့ကလည်း ရင်းနှီးမြှုပ် နှံ မှုတွေကိုစတင်ဆောင်ရွက်မှာဖြစ် တယ် " ဟု ပြည်ထောင်စု ၀န်ကြီး ဦး သိန်းဆွေက ပြောသည်။ ဥပဒေပြင်ဆင်ရေးကိစ္စရပ်များ ကို ယင်းနိုင်ငံတို့မှ ဆက်လက်ကူညီ ပေး သွား ရန်ရှိကြောင်း၊ အထူးသဖြင့် အလုပ်ရှင်၊ အလုပ်သမားနှင့်အစိုးရ စားပွဲဝိုင်းတွင် မကျေနပ်မှုများကို သုံးဦးသုံးဖလှယ် ညှိနှိုင်းဆောင်ရွက် ခြင်းဖြင့် ထုတ်ကုန် စွမ်းအားတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။ Credit To >>> Democracy Today

0 comments:

Post a Comment