Friday, August 12, 2016

ချောက်မြို့မှ H2O2 စက်ရုံပေါက်ကွဲမှုဖြစ်ပွား



မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ H2O2 စက်ရုံမှာ သြဂုတ်(၁၁)ရက် ညနေ (၄)နာရီခွဲအချိန်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီစက်ရုံဟာ ချောက်မြို့နှင့် (၅)မိုင်အကွာ စလေမြို့အသွား လမ်းပေါ်မှာရှိတယ်လို့ သိရပြီး အဲဒီမီးလောင်မှုကို ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့၊ စက်ရုံဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေက မီးငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီမီးလောင် ပေါက်ကွဲမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာ ရရှိသူမရှိဘူးလို့ သိရပါတယ်။ အဲဒီစက်ရုံ မီးလောင်ပေါက် ကွဲမှုဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ယခင် စက်မှုဝန်ကြီးဌာန ကြွေသီးစက်ရုံလည်ပတ်စဉ်က လည်း အဲဒီစက်ရုံဟာ ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ဖူး တယ်လို့ သိရပါတယ်။
Credit To >>> The Mirror Daily

0 comments:

Post a Comment