Wednesday, August 10, 2016

ပြည်တွင်းကုန်သွယ်ရေးလုပ်ငန်းများတွင်ရင်ဆိုင်နေရသည့် မလိုလား အပ်သော ကြန့်ကြာမှုများကို ဖြေလျှော့နိုင်ရေး အာရှဖွံ့ဖြိုးရေး ဘဏ်က ကူညီမည်


 ပြည်တွင်းကုန် သွယ်ရေးလုပ်ငန်းများတွင် ရင်ဆိုင် နေရသည့် မလိုလားအပ်သောကြန့် ကြာမှုများကို အာရှဖွံ့ဖြိုးရေးဘဏ် က International Trade Supply Chain Working Group ဖွဲ့စည်း ကာ ဖြေလျှော့နိုင်ရေး အကူအညီပေး သွားမည်ဖြစ်ကြောင်း သိရသည်။


သြဂုတ် ၉ ရက်က ကုန်သည်/စက်မှုအသင်းချုပ်တွင် International Trade Supply Chain Working Group နှင့်ပတ်သက် သည့် မိတ်ဆက်ပွဲ အခမ်းအနားအား ပြုလုပ်ခဲ့ ပြီး ယင်းတွင် ကုန်သွယ်မှုဆိုင်ရာလုပ် ငန်းများနှင့်ဆက်စပ်နေသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကုန်သည်/ စက်မှုအသင်းချုပ်အောက်ရှိ ညီနောင် အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များ အကြား ကုန်သွယ်ရေးလုပ်ငန်းများ တွင် ရင်ဆိုင်နေရသည့် အခက်အခဲ များ စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာ မှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်သည်/ စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင် လေးက " မြန်မာပြည်က Export လုပ် နေတဲ့ပစ္စည်းတွေ ၊ နိုင်ငံ တကာ က Import လုပ်နေတဲ့ပစ္စည်းတွေ သွင်း ကုန်၊ ထုတ်ကုန်တွေကို အစစအရာ ရာ ချောမွေ့ သွားအောင်၊ လျင်မြန်သွား အောင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ရယ်၊ ဌာနဆိုင်ရာတွေရယ် ပူးပေါင်းဆောင် ရွက်ပြီးတော့ အခက်အခဲတွေကို အဖြေ ရှာ တယ်။ အဖြေရှာပြီး မြန်မာရဲ့ထုတ် ကုန်တွေကို ပြည်ပကို မြန်မြန်ဆန် ဆန်လွယ်လွယ်ကူ ကူနဲ့ ချောချောမွေ့ မွေ့ရောက် သွားအောင်လို့ အဖြေရှာ သွားဖို့ပါ။ သွင်းကုန်/ သွင်းလာတဲ့ ပစ္စည်းက စားသုံးသူ၊ သုံးစွဲသူတွေ ဆီကို မြန်မြန်ဆန်ဆန်ရောက်အောင် ကြိုးနီစနစ်တွေကိုပယ် ဖျက်ပြီးတော့ ကုန်သည်တွေရယ်၊ ဌာနဆိုင်ရာတွေ ရယ်ပူးပေါင်းပြီးတော့ အဖြေရှာမယ်။ ဘာအခက်အခဲတွေရှိသလဲ။ ပုံမှန် အဖြေရှာပြီး ရှေ့ဆက်သွားမယ့်လုပ် ငန်းအဖွဲ့ကို ADB အနေနဲ့ ဖွဲ့စည်း လိုက် တာပါ" ဟုဆိုသည်။

အဆိုပါ Working Group အား အာရှဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်းပြုလုပ်ခဲ့သည့် ကုန်သွယ် မှုဆိုင်ရာစစ် တမ်းများအရ ကုန်သွယ် ရေး လုပ်ငန်းများတွင် ပါဝင်နေသည့် ကုန်သွယ်မှုလုပ်ငန်းများတွင် ရင်ဆိုင် နေရ သည့်ကြန့်ကြာမှုများ အား Stakeholder များအားလုံး ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် ဖြေလျှော့ပေးရန်အတွက် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အာရှဖွံ့ဖြိုးရေးဘဏ်မှကုန်သွယ် ရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူဒေါ်ပွင့် သက်ဝါက " ဒီ Groupထဲမှာ ပါတဲ့ Stakeholder တွေ ပူးပေါင်းဆောင် ရွက်ပြီးတော့ ကုန်သွယ်မှုလုပ်ငန်းတွေ လွယ်ကူချောမွေ့လာစေဖို့နဲ့ အဆင့် တိုင်းမှာ တိုးတက်လာဖို့အတွက် ဒီ Group ကိုလွှဲခဲ့မှာဖြစ်ပါတယ်။ ADB ထွက်သွားရင်တောင် ဒီမှာပါဝင်တဲ့ Stakeholder က ရေရှည်မှာတိုး တက်မှုရှိအောင် ဆက်လက်လုပ်ဆောင် ရမှာဖြစ်ပါတယ်" ဟုဆိုသည်။

Credit To >>> Democracy Today

0 comments:

Post a Comment