Friday, August 12, 2016

"သာပေါင်းတွင် ငဝန်မြစ်ရေ ထပ်မံမြင့်တက်နေ "

သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေသည် ၂ပေခန့် ဆက်တက်လာပြီး ရေဘေးသင့် လူဦးရေ ၇၀၀၀၀ နီးပါးရှိနေကြောင်း သာပေါင်းမြို့နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
သာပေါင်းမြို့နယ်နှင့် အနီးပတ်ဝန်းကျင်မြို့များတွင် စိုးရိမ်ရေမှတ်အထက် တစ်လကျော်သည်အထိ မြင့်တက်နေသော ငဝန်မြစ်ရေမှာ ယနေ့ သြဂုတ်လ ၁၂ ရက်နံနက်တွင် ၂ ပေခန့်မြင့်တက်လာကြောင်း သာပေါင်းမြို့နယ် ညောင်ကုန်းကျေးရွာ အေးမြသီရိကျောင်းတိုက် ဆရာတော် ဦးဥတ္တမက မိန့်သည်။

" တော်တော်ကို ရေမြုပ်နေတယ်။ ဦးဇင်းတို့ ရွာဆို ရွာလုံးကျွတ်မြုပ်ပြီ။ ဒီမနက် ရေ ၂ ပေလောက်ထပ်တက်ပြီး အိမ် ၂ လုံး မျောသွားတယ်။ လူတွေက ဦးဇင်းကျောင်းမှာ စုနေကြရတယ်"ဟု မိန့်သည်။

သာပေါင်းမြို့နယ်တွင် ရပ်ကွက် နှင့် ကျေးရွာအုပ်စုပေါင်း ( ၇၀ ) ရှိရာ ကျေးရွာအုပ်စု ( ၅၅ ) ခုမှ ရွာပေါင်း ( ၃၀၀ ) ကျော် ရေကြီးကာ နစ်မြုပ်နေပြီး တစ်မြို့ နယ်လုံး၏ ၈၀ ရာခိုင်နှုန်းကျော် ရေဘေးရင်ဆိုင်နေရကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် တစ်မိုးအောက်လူငယ် ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။

သာပေါင်းမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ဒေသမှ ရေဘေးသင့်ပြည်သူလူထုမှာ တစ်လကျော်ကြာ ရေကြီးနစ်မြုပ်ခဲ့သောကြောင့် လတ်တလောစားဝတ်နေရေးအခက်အခဲ အရေးပေါ်ကြုံနေကြောင်း သတင်းရရှိသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment