Friday, August 12, 2016

၂၁ ရာစု ပင်လုံညီလာခံသို့ ကိုယ်စားလှယ် ၇၀၀ ခန့် တက်ရောက်ရန် မျှော်မှန်းထားကြောင်း အတိုင်ပင်ခံရုံးဝန်ကြီးပြောကြား

 ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံသို့ တက်ရောက်မည့် ကိုယ် စားလှယ်ပေါင်း ၇၀၀ ခန့်ရှိမည် ဟု မျှော်မှန်းထားကြောင်း နိုင်ငံ တော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက သြဂုတ် ၁၀ ရက်တွင် ပြုလုပ်သော အမျိုးသား လွှတ်တော်၌ ပြောကြားသည်။
ယခင် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်အရ အစိုးရအဖွဲ့ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မ တော်ကိုယ်စားလှယ် ၁၅၀ ဦး သတ်မှတ်ထားကြောင်း ဝန်ကြီး ကပြောသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အတွက် ကိုယ်စားလှယ် ၁၅၀ ဦး သတ်မှတ်ထားသည်။
ထို့အပြင် တရားဝင်နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ၅၀ ဦးနှင့် အခြားပါဝင်သင့် ပါဝင် ထိုက်သူ ၅၀ ဦးတို့ သတ်မှတ်ထား သည်။
‘‘ဖိတ်ကြားမှုစာရင်း အတိ အကျကို ဒီလလယ်မှာ ကျင်းပ မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPD JC) အစည်းအဝေးမှာ ဆွေးနွေး ညှိနှိုင်းအတည်ပြုမှာ ဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးကပြော သည်။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိုလည်း ပြန်လည်သုံး သပ်ရန်ရှိကြောင်း ၎င်းကပြော သည်။
လောက်ကိုင်ကိုယ်စားလှယ် ဦးကျော်နီနိုင်၏ ၂၁ ရာစု ပင်လုံသို့ တိုင်းရင်းသားလူမျိုးစုအားလုံး ကိုယ်စားပြု ကိုယ်စားလှယ်ဦးရေ မည်မျှ တက်ရောက်ခွင့်ရှိ၊ မရှိနှင့် တိုင်းရင်းသားလူမျိုးစုအလိုက် ကိုယ်စားပြု တက်ရောက်ခွင့် ရှိ၊မရှိမေးခွန်းကို ဝန်ကြီးက လွှတ် တော်သို့ လာရောက်ဖြေကြားခဲ့ ခြင်းဖြစ်သည်။
ဒုတိယ မေးခွန်းဖြစ်သည့် တိုင်းရင်းသားလူမျိုးစုအလိုက် ကိုယ်စားပြုတက်ရောက်ခွင့် ရှိ၊ မရှိကိုမူ ဝန်ကြီးက အောက်ပါ အတိုင်း ဖြေကြားသည်။
‘‘ကျွန်တော်တို့အနေနဲ့ ပါဝင် သင့်ပါဝင်ထိုက်တဲ့သူတွေ၊ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေရော၊ တိုင်းရင်းသား တွေရော ပါဝင်နိုင်ရေးကို အလေး ထားဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဖြေကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒများကို အကောင်အထည် ဖော်ရန် ဖွဲ့စည်းထားသည့် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးသည် လွှတ်တော် သို့ ပထမဆုံးအကြိမ် လာရောက် ဖြေကြားခြင်းဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကို လာမည့် သြဂုတ် ၃၁ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment