Thursday, August 11, 2016

ဥရောပရဲ့ အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ် ကုန်ထုတ်လုပ်မှုပိုင်းမှာ ဆိုးဆိုးရွားရွား ကျဆင်းလာ


အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့အတူ ခရီးသွားလုပ်ငန်းကဏ္ဍပေါ်မှာ ထိခိုက်
နစ်နာမှုတွေ ကြုံတွေ့နေရတဲ့ ပြင်သစ် နိုင်ငံဟာဆိုရင် ယခုအခါမှာ 
ယင်းရဲ့ ဇွန်လ ကုန်ထုတ်လုပ်မှု ကိန်းဂဏာန်းတွေ နှစ်လဆက်တိုက် 
ကျဆင်းနေခဲ့တာနဲ့ပါ ထပ်မံရင်ဆိုင်နေရပြီလို့ နိုင်ငံရဲ့ စာရင်းအင်း ဗျူရိုက
ထုတ်ပြန်ပါတယ်။ 
ယင်းအခြေအနေတွေကြောင့်လည်း ကုန်ထုတ်လုပ်မှု အသင့်အတင့် 
တိုးတက်မယ်လို့ ခန့်မှန်းထားခဲ့တဲ့အကဲဖြတ်တွေကိုပါ အံ့အားသင့်
စေခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလက နိုင်ငံရဲ့ထုတ်လုပ်မှု ကဏ္ဍမှာ ၀ ဒသမ ၅ ရာခိုင်နှုန်း 
ကျဆင်းထားခဲ့ရာကနေ ပြီးခဲ့တဲ့ ဇွန်လမှာလည်း ၀ ဒသမ ၈ ရာခိုင်နှုန်းထိ
ထပ်မံ ကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။ အလားတူ နိုင်ငံရဲ့ ရေနံထုတ်
လုပ်မှုလုပ်ငန်းမှာ ဆန္ဒပြတောင်းဆိုမှုတွေ ကြုံတွေ့ထားခဲ့ပြီးနောက်ပိုင်း
ရေနံထုတ်လုပ်မှုပိုင်းမှာပါ ကျဆင်းလျော့ကျတာတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

Spreadex မှ အကဲဖြတ်လေ့လာသူတစ်ဦးဖြစ်တဲ့ Connor Campbell
ကတော့ ယခုနောက်ဆုံးထွက်ပေါ်လာတဲ့ ပြင်သစ်ရဲ့ ကိန်းဂဏန်းတွေဟာ 
စိုးရိမ်စရာအခြေအနေတစ်ခုကို ရောက်ရှိစေခဲ့တယ်လို့ သုံးသပ်ပြောကြား
သွားပါတယ်။ ပြီးခဲ့တဲ့မေလ ကျဆင်းမှုတွေကနေ နောက်ပိုင်းလတွေမှာ
ပြန်လည်တိုးတက်မယ်လို့စီးပွားရေး ပညာရှင်အများစုက ခန့်မှန်းထားခဲ့
သော်ငြားလည်း ယခုလို ထပ်မံကျဆင်းမှုနဲ့သာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ကုန်ထုတ်လုပ်မှု ကဏ္ဍတစ်ခုတည်းမှာပဲ ဇွန်လက ၁ ဒသမ ၂ ရာခိုင်နှုန်း 
ကျဆင်းခဲ့ပြီးတော့ အခြား စားသောက်ကုန်၊ သယ်ယူပို့ဆောင်ရေးစတဲ့ 
ကဏ္ဍတွေမှာလဲ အားလုံး လိုလိုကျဆင်းနေခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၀ ရက်က ထွက်ရှိလာတဲ့ ယခုလို စိတ်ပျက်ဖွယ်ကိန်းဂဏာန်း
အချက်အလက်တွေကြောင့်လည်း ဥရောပဇုန်မှာ ဂျာမနီပြီးရင် ဒုတိယ
အကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံအတွက် စီးပွားရေးပြန်လည်
နာလန်ထူနိုင်မယ့်အလားအလာတွေကို မှေးမှိန်သွားစေခဲ့ပါတယ်။
Credit To >> >SFJ Strategy First Journal 

0 comments:

Post a Comment