Friday, August 12, 2016

စက်ချွတ်ယွင်းမှုကြောင့် ဒဲလ်တာလေကြောင်းလိုင်းခရီးစဉ် ၂ဝဝဝ ဖျက်သိမ်း

ယခုသီတင်းပတ်အစောပိုင်းတွင် လျှပ်စစ်ဓာတ်အားပြတ်တောက် မှုကြောင့် ဒဲလ်တာလေကြောင်းလိုင်း၏ ကွန်ပျူတာစနစ်များ ချွတ်ယွင်းမှုကြောင့် လေကြောင်းလိုင်းခရီးစဉ် ၂ဝဝဝ ခန့်ကို ဖျက်သိမ်းခဲ့ရသည်။

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်တွင် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုကြောင့် တနင်္လာနေ့တွင် ဒဲလ်တာ လေကြောင်းကုမ္ပဏီ၏ ကွန်ပျူတာစနစ်များ ချွတ်ယွင်းခဲ့ကာ ယင်းနေ့မှာပင် လေကြောင်းလိုင်းခရီးစဉ် ၁ဝဝဝ ခန့် ဖျက်သိမ်း ခဲ့ရသည်ဟု ဒဲလ်တာလေကြောင်းလိုင်းက ပြောကြားသည်။ အဆိုပါလေကြောင်းကုမ္ပဏီ၏ဌာနချုပ်သည် ဂျော်ဂျီယာ ပြည်နယ်တွင် တည်ရှိသည်။ ကွန်ပျူတာစနစ်များ ပြန်လည်ပြုပြင် နိုင်ခြင်းမရှိသည့်အတွက် နောက်ရက်တွင်လည်း လေကြောင်း လိုင်းခရီးစဉ်များ ထပ်မံဖျက်သိမ်းခဲ့ရသည်။
ခရီးစဉ်များဖျက်သိမ်းခဲ့ရသည့်အတွက် တောင်းပန်ပါကြောင်းနှင့် အရေးပေါ်လျှပ်စစ်ဓာတ်အားလိုင်းကို ပြောင်းလဲ အသုံးပြုရန် ပျက်ကွက်ခဲ့ကြောင်း ဒဲလ်တာလေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ်က အင်္ဂါနေ့က လွှင့်တင်ခဲ့သည့် ကုမ္ပဏီ ဝက်ဘ်ဆိုက်ဗီဒီယိုတွင် ပြောကြားသည်။
ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် လေကြောင်းလိုင်းခရီးစဉ်များ ပုံမှန်ပြန်လည်လည်ပတ်နိုင်ခဲ့သည်။
ဒဲလ်တာလေကြောင်းလိုင်းသည် အချိန်တိကျမှန်ကန်မှု အရှိဆုံး အမေရိကန်လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ဝန်ဆောင်မှု များကိုလည်း အမြဲတမ်းတိုးတက်ကောင်းမွန်အောင် ဆောင်ရွက် နေသည့် လေကြောင်းလိုင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ ခရီး စဉ်များ ဖျက်သိမ်းလိုက်ရသည့်အတွက် ¤င်းကုန်အမှတ်တံဆိပ် နှင့် စီးပွားရေးအပေါ်အနည်းငယ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment