Thursday, August 11, 2016

အလက်ပိုမြို့တွင် တစ်နေ့လျှင် သုံးနာရီကြာ အပစ်အခတ်ရပ်စဲပေးမည်ဖြစ်ကြောင်း ရုရှားကြေညာ


ဆီးရီးယားနိုင်ငံရှိ စစ်တလင်းဖြစ်နေသော အလက်ပိုမြို့တွင် လူသားချင်းစာနာထောက်ထားရေးအကူအညီများ ထောက်ပံ့နိုင်ရန် တစ်နေ့လျှင် ၃ နာရီကြာ အပစ်အခတ်ရပ်စဲပေးထားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သော်လည်း မြို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မလုံလောက်ကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။
ရုရှားစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ဆာဂေး ရုဒေါ့စကီးက “အလက်ပိုမြို့သို့ ၀င်ရောက်မည့် ကားတန်းများကို လုံခြုံရေးပေးဖို့အတွက် စစ်ကြောင်း၊ လေကြောင်း၊ ပြောက်ကျားတိုက်ခိုက်မှုများကို ရပ်တန့်ထားမည့် မနက်ဖြန်မှ စတင်ကာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ လူသားချင်းစာနာထောက်ထားရေး အကူအညီများကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း” ဟု စာနယ်ဇင်းများ ကိုပြောကြားသည်။ ယခုကဲ့သို့ ရက်ပေါင်းမည်မျှလုပ်ဆောင်မည့်အကြောင်းကို ရုဒေါ့စကီးက ရှင်းလင်းပြောကြားခြင်းမရှိခဲ့သော်လည်း ကြာသပတေးနေ့မှ စတင်ကာ အပစ်အခတ်ခေတ္တရပ်စဲ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Democracy Today

0 comments:

Post a Comment