Wednesday, August 10, 2016

တာဝန်ကျ ရဲယာဉ်တန်း တပ်မတော်၏ လုံခြုံရေး အကူအညီဖြင့် ဖားကန့်သို့ ထပ်မံသွားမည်

လုံခြုံရေး တာဝန်ထမ်းဆောင်ရန် ဖားကန့်ဒေသသို့ သြဂုတ် ၈ ရက်က သွားသည့် ရဲယာဉ်တန်း ပစ်ခတ်ခံခဲ့ရသောကြောင့် တပ်မတော်၏ လမ်းကြောင်းဖြင့် လုံခြုံရေး ရယူကာ ထပ်မံသွားမည်ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖားကန့်ဒေသအတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်ရန် သွားသော ရဲယာဉ်တန်းကို မိုးကောင်း- ဖားကန့်လမ်း နန့်ဟိုင်တံတားအနီးတွင် သြဂုတ်လ ၈ ရက် နံနက် ၈ နာရီခန့်က အင်အား နှစ်ရာကျော် ပါဝင်သည့် လက်နက်ကိုင်များက ကားခြောက်စီးဖြင့် တိုက်ခိုက်ခဲ့ရာ ရဲအရာရှိတစ်ဦး အပါအဝင် ရဲတပ်သား စုစုပေါင်း ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောကြားသည်။
“ထပ်သွားရမှာပဲ။ ကိုယ့်တာဝန်ကျတဲ့ နေရာမှာတော့ ကျေပွန်အောင် ထမ်းဆောင်ရမယ်။ ဒီတစ်ခေါက်က တပ်ရဲ့ လမ်းကြောင်းလုံခြုံရေး ရယူပြီးတော့ သွားမယ်” ဟု ၎င်းက ထပ်မံပြောဆိုသည်။ 
Credit To >>> The Voice Weekly

0 comments:

Post a Comment