Monday, August 8, 2016

ခရီးသည်တင်ဘတ်စ်ကားအဖြစ်အသုံးပြုနေတဲ့ ဟိုင်းလတ်နဲ့ဒိုင်နာမော် တော်ယာဉ်တွေ ၃ လအတွင်းရပ်ဆိုင်းဖို့လုပ်ဆောင်


ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ ဟိုင်းလတ်နဲ့ဒိုင်နာမော်တော်ယာဉ်တွေကို ၃ လအတွင်းရပ်ဆိုင်း ပြီး အဆိုပါယာဉ်တွေနေရာမှာ မီနီဘတ်စ်ကားတွေ အစားထိုးပြေးဆွဲဖို့ ဆောင်ရွက်သွားမှာဖြစ်
တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတွေကပြောဆိုပါယ်။

ပိုမိုစနစ်ကျတဲ့ မြိုပြသယ်ယူပို့ဆောင်ရေးလုပ်ငန်း အကောင်အထည်ပေါ်လာစေဖို့ အဆိုပါအဖွဲ့က စတင်လုပ်ဆောင်နေပြီး လက်ရှိ ပြေးဆွဲနေဆဲဖြစ်တဲ့ ဒိုင်နာယာဉ် ၁၅၀၀ ကျော်နေရာမှာ ပိုမိုလုံခြုံစိတ်ချမှုရှိတဲ့မီနီဘတ်စ်တွေကို ပြောင်းလဲပြေးဆွဲဖို့ စတင်လုပ် ဆောင်တော့မှာဖြစ်ပါတယ်။
ရန်ကုန်မြို့ဧရိယာတွေမှာ အဆိုပါဟိုင်းလတ်နဲ့ဒိုင်နာမော်တော်ယာဉ်တွေပြေးဆွဲခွင့်မရှိသော်လည်း လှိုင်သာယာ၊ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊မင်္ဂလာဒုံနဲ့ အခြားမြို့ပြင်အနီးတွေမှာ သုံးစွဲနေဆဲဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ဖို့ လုံခြုံစိတ်ချမှု အာမခံချက်မပေးနိုင်တဲ့ ယာဉ်အမျိုးအစားထဲမှာ ပါဝင်နေတယ်လို့လည်း အာဏာပိုင်အဖွဲ့တာဝန်ရှိသူ
ကပြောပါတယ်။
လက်ရှိပြေးဆွဲနေတဲ့ ဒိုင်နာခရီးသည်တင်အများစုက ကြံခိုင်မှုအားနည်းချက်တွေဖြစ်ပေါ်နေပြီး မဆင်မခြင်၊အပြိုင်အဆိုင်မောင်း နှင်မှုတွေကြောင့် ယာဉ်မတော်တဆမှုနဲ့ ခရီးသည်ထိခိုက်မှုတွေပိုမိုအဖြစ်များတာကြောင့်လည်း သယ်ယူပို့ဆာင်ရေးလုပ်ငန်း တွေမှာ အသုံးပြုဖို့မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
မြို့တွင်းခရီးသည်ယာဉ်လိုင်းများ ပြန်လည်စီစစ်ခြင်း၊ ဒိုင်နာယာဉ်တွေရပ်ဆိုင်းပြီး ပိုမိုလုံခြုံစိတ်ချမှုရှိတဲ့ အစားထိုးယာဉ်တွေပြေး ဆွဲခြင်း၊ မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို အများပိုင်လုပ်ငန်းတစ်ခုအဖြင့် အကောင်ထည်ဖော်ခြင်း စတဲ့လုပ်ငန်းစဉ်တွေနဲ့ ရန်ကုန်မြို့ရဲ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို အဆင့်မြင့်တင်သွားဖို့လုပ်ဆောင်နေတာဖြစ်တယ်လို့ ယင်းအဖွဲ့ထံကသိရပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment