Monday, August 8, 2016

ပြုံယမ်းဒုံးပစ်လွှတ်မှုအပေါ်တုံ့ပြန်ရန် အမေရိကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီတို့သည် မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုနှင့် ပတ်သက်ပြီး မည်သို့ကိုင်တွယ်ဖြေရှင်းရမလဲဆိုသည်ကို တယ်လီဖုန်းဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။


အမေရိကန်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဂျွန်ကယ်ရီနှင့်ဝမ်ရီတို့က မြောက်ကိုရီးယားဒုံးကျည် ပစ်လွှတ်မှုအပေါ် တန်ပြန်လုပ်ဆောင်ချက်များချမှတ်နိုင် ရန် ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။
မြောက်ကိုရီးယားက သြဂုတ် ၃ ရက်တွင် ဂျပန်နိုင်ငံ၏စီးပွားရေးဇုန်နယ်နိမိတ်အနီးရှိ ရေပိုင်နက်ထဲသို့ ပထမဆုံး အကြိမ်အဖြစ် ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့သည်။
ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့နိုင်ငံများသည် အဆိုပါပြုံယမ်း၏ ဒုံးပစ်ခြိမ်းခြောက်မှုကို ရှုတ်ချသည့် အစီရင်ခံစာတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံအနေဖြင့် ပြုံယမ်းအား အရေးယူမည့်ဆောင် ရွက်ချက်များကို သဘောတူညီမှုမရှိပေ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအနေဖြင့် မြောက်ကိုရီးယား နိုင်ငံအား အရေးယူမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏သဘောထားကို သဘောတူညီမှုရှိစေရန် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဝမ်ရီအား တိုက်တွန်းပြောဆိုနိုင်ဖွယ်ရှိသည်ဟု ထင်မြင်ယူဆရသည်။
နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့သည် ကိုရီးယားကျွန်းဆွယ်အရေးနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment