Thursday, August 18, 2016

ကတ်ရှ်မီးယားတွင်ဖြစ်ပွားနေသည့် ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပါကစ္စတန်နှင့် ဆွေးနွေးရန် အိန္ဒိယ အဆင်သင့်ဖြစ်နေ



ကတ်ရှ်မီးယား မြောက်ပိုင်းဒေသတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများ ကို တိုက်ခိုက် ဖြေရှင်းရန် အလေးထားဆွေးနွေးမည့် အစည်းအဝေးများကျင်းပရန် ပါကစ္စတန်နိုင်ငံသို့ ထိပ်တန်းသံတမန်တစ်ဦးကို စေလွှတ်ရန် အိန္ဒိယအဆင်သင့်ဖြစ်နေကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
သတင်းအရင်းအမြစ်များ၏ အဆိုအရ ပါကစ္စတန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးဆူဘရာမန်ယန်သည် ဆွေးနွေးပွဲများကို တက်ရောက်ရန် ဆန္ဒရှိနေကြောင်း သိရှိရပြီး ဂျမ်မူနှင့် ကတ်ရှ်မီးယားပြည်နယ်မှ အခြေအနေတွင် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုများသည် အဓိကကျနေသည်ဟု ဆိုသည်။ ၁၉၄၇ ခုနှစ်ကတည်းက နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေသည် ဂျမ်မူနှင့် ကတ်ရှ်မီးယားဒေသကို အုပ်ချုပ်ခွင့်ရှိကြောင်း ပြောကြားနေသည့် ပါကစ္စတန်နိုင်ငံက အပြစ်တင်နေသည်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကြောင့် လူ ၆၄ ဦးသေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့မှုဖြစ်သည်။ ဂျမ်မူနှင့် ကတ်ရှ်မီးယားသည် အငြင်းပွားကတ်ရှ်မီးယားဒေသတွင်ပါဝင်သော မူစလင်အများစုကြီးစိုးသည့် အိန္ဒိယနိုင်ငံ၏ ပြည်နယ်များဖြစ်သည်။
Credit To >>> Democracy today

0 comments:

Post a Comment