Thursday, August 4, 2016

အာရှနိုင်ငံတွေ ခရီးသွားလုပ်ငန်းမှာဖွံ့ဖြိုးတိုးတက်ဖို့အရှိန်အဟုန်မြှင့် လုပ်ဆောင်

ဗီယက်နမ် နိုင်ငံဟာ အာဆီယံဒေသ ခရီးသွားလုပ်ငန်း ဈေးကွက်ရှာဖွေရေးမဟာဗျူဟာ ၂၀၁၇-၂၀၂၀ ကိုချမှတ်ဖန်တီးနိုင်ဖို့အတွက် ကူညီလမ်းကြောင်းပေးနိုင်မယ့် အတွေ့အကြုံရင့်ကျွမ်းကျင်အတိုင်ပင်ခံပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်သွားဖို့လုပ်ဆောင်နေတယ်ဆိုပြီးတော့ အမျိုးသား ခရီးသွားအာဏာပိုင်အဖွဲ့ကညွှန်ချုပ် Tran Phu Cuong က ပြောပါတယ်။

စုစုပေါင်းဘက်ဂျက်ငွေကန်ဒေါ်လာ ၃၀၀,၀၀၀ (ဘတ် ၁ သန်း) သတ်မှတ်ထားရှိထားမှာဖြစ်တယ်လို့ သိရပါတယ်။
ဈေးကွက် မဟာဗျူဟာတစ်ခုလုံး တင်သွင်းဖော်ဆောင်မယ့် ကိစ္စရပ်ကို ၂၀၁၇နှစ်လယ်ပိုင်းမှာ လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပြီးတော့ဗီယက်နမ်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့အာဆီယံအမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်းတွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေတွေ့ဆုံကြမယ့် အစည်းအဝေးမတိုင်ခင် လုပ်ဆောင်ဖို့ရှိနေပါတယ်။
ယင်း အာဆီယံ ခရီးသွားဈေးကွက် မဟာဗျူဟာမှာ ဆိုရင် ဒေသရဲ့ လက်ရှိခရီးသွားဈေးကွက်အခြေအနေတွေကို အကဲဖြတ်နိုင်မယ့် ဈေးကွက်သုတေသနစီမံချက်တစ်ခု ပါဝင်မှာဖြစ်သလို ယင်းကနေတဆင့် အနာဂတ်မှာလုပ်ဆောင်သွားမယ့်ပုံစံတွေကို ချမှတ်ပေးသွားမှာဖြစ်ပါတယ်။
အလားတူပဲ ဂျပန်နိုင်ငံ အစိုးရဟာလည်း နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကို ဆတိုး တိုးတက်လာဖို့အတွက်ကြံစည်လျှက်ရှိပါတယ်။ အခြေခံအဆောက်အအုံ ပြုပြင်တည်ဆောက်မှုပိုင်းမှာဒေါ်လာ ၆၁ ဘီလီယံ (ယန်း ၆ ဒသမ ၂ ထရီလီယံ) သုံးစွဲသွားပီးတော့ နိုင်ငံကိုနိုင်ငံခြားခရီးသွားဦးရေ ယခုထက်နှစ်ဆကျော် လာရောက်နိုင်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။
ယခု အသုံးစရိတ်ကို သြဂုတ်လ ၂ ရက် အစိုးရ၀န်ကြီးအဖွဲ့အစည်းအဝေးကအတည်ပြုပေးခဲ့တာဖြစ်ပြီးတော့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးဟာဆိုရင်ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံကိုပြန်လည်တွန်းအားပေးနိုင်ဖို့အတွက် န်း ၂၈ ထရီလီယံ ထိသုံးစွဲသွားဖို့ရှိနေပါတယ်။
နိုင်ငံမှာ ကြီးမားတဲ့ အပျော်စီး ဇိမ်ခံသင်္ဘောကြီးတွေပိုမိုဆိုက်ကပ်နိုင်ဖို့ ဆိပ်ကမ်းတိုးချဲ့မှုတွေ လုပ်ဆောင်သွားမှာဖြစ်
သလိုတိုကျို အနီးတ၀ိုက်နဲ့ လေဆိပ် ၀န်ဆောင်မှုပိုင်းကိုလည်းတိုးမြင့်သွားဖို့ရှိနေပါတယ်။ အလားတူ သယ်ယူပို့ဆောင်ရေးအချက်အချာနေရာတွေကိုလည်း တိုးမြင့်ဖန်တီးပေးသွားဖို့လည်း
အစိုးရကစီစဉ်နေပြီဖြစ်ပါတယ်။
လာမယ့် ၂၀၂၀ တိုကျို အိုလံပစ်ပွဲ ကျရောက်မယ့်အချိန်ကာလမှာ နိုင်ငံဆီကိုနိုင်ငံခြား ခရီးသွားဦးရေ သန်း ၄၀ ထိ ယခုနှစ်နှစ်ဆ လာရောက်လည်ပတ်ဖို့ဂျပန် အစိုးရက မျှော်မှန်းထားပြီဖြစ်ပါတယ်။
ဂျပန် နိုင်ငံကို ယမန်နှစ်က အပျော်စီးသင်္ဘောကြီးတွေနဲ့ လာရောက်လည်ပတ်သူ ၁ဒသမ ၁ သန်း ရှိခဲ့ပြီး အစောပိုင်းတစ်နှစ်ကထက်နှစ်ဆကျော်တိုးတက်များပြားလာတာဖြစ်တယ်လို့ သိရပါတယ်။ ၀န်ကြီး
ချုပ်အာဘေးရဲ့ ယခုအစီအစဉ်အရတော့ လာမယ့် ၂၀၂၀ မတိုင်ခင် နိုင်ငံကိုအပျော်စီးသင်္ဘောနဲ့လာရောက်မယ့်ခရီးသွားဦးရေ ၅ သန်းထိ ရှိနိုင်ဖိုမျှော်လင့်ထားတယ်လို့ သိရပါတယ်။

Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment