Thursday, August 4, 2016

ကမ္ဘာအေးဘုရားလမ်းရှိ HAGL Myanmar Centre အဆောက်အအုံပေါ်မှ နိုင်ငံအမည် Vietnam ဟု တပ်ဆင်ထားမှု ခွင့်ပြုချက်မရှိဘဲ တပ်ဆင်ထားသဖြင့် မြို့တော်စည်ပင်က တရားစွဲဆိုထား

ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်းနှင့်စက်မှု(၁) လမ်းထောင့်ရှိ HAGL Myanmar Centre အဆောက်အအုံအပေါ်ဆုံး တွင် နိုင်ငံအမည် Vietnam ဆို သည့်စာသားထားရှိ တပ်ဆင်ထားမှု နှင့် ပတ် သက်ပြီး တရားဝင်ခွင့်ပြု ချက်မရှိဘဲ တပ်ဆင်ထားခြင်းကြောင့် တရားစွဲဆို ထားကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ မှ သိရသည်။

HAGL အဆောက်အအုံပေါ် တွင် BIDV ဟူသည့် စာလုံးကိုသာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှခွင့်ပြုထားပြီး Vietnam ဆိုသော စာသားကိုမူ ခွင့်ပြုမထား ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော် မတီ၊ စီမံရေးရာ ဌာနမှ တာဝန်ရှိသူတစ်ဦးကသြဂုတ် ၃ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။
" ကော်မတီက ဒီစာလုံးကိုဖြုတ် ပေးဖို့အကြောင်းကြားထားခဲ့ပေမယ့် မဖြုတ်လို့ တရားစွဲခဲ့တယ်။ ဒဏ်ငွေ ဘယ်လောက်ဆောင် လိုက်ရ လဲဆို တာတော့ ကုမ္ပဏီကပဲသိလိမ့်မယ်။ ခုချိန်ထိမဖြုတ်သေးဘူး။ ဖြုတ်ခိုင်း ထားတာကိုမဖြုတ်သေးရင် နောက် ထပ်တစ်ဆင့်တိုးပြီး တရားရုံးက ဒဏ်ရိုက်သွားမှာပေါ့ " ဟု ၎င်း ကပြော သည်။
ယင်းစာလုံးကိုဖြုတ်သိမ်းပေး ရေးအတွက် ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ သက် ဆိုင်ရာကုမ္ပဏီထံသို့ ဇူလိုင်လအ တွင်းက အကြောင်းကြားခဲ့ပြီး ဖြုတ် သိမ်းခြင်းမရှိသောကြောင့် တရားစွဲ ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအဆောက်အအုံရှိ ဆိုင်း ဘုတ်အချို့ ကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ က တရား ဝင်ခွင့်ပြုထားပြီးဖြစ်ပြီး ဆိုင်းဘုတ် အချို့ကို ခွင့်ပြုပေးနိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာ ယာ ရေး ကော်မတီဝင်များအစည်းအဝေးထိုင် ကာအတည်ပြုဆုံးဖြတ် သွားမည်ဖြစ် ကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် စီး ပွားရေးလုပ်ငန်းစုများသည် မိမိတို့ ကုမ္ပဏီအမည်ကိုသာ ထားရှိခွင့်ရရှိ ပြီး နိုင်ငံအမည်ကို သီးခြားတပ်ခွင့် မရှိ ကြောင်း စီးပွားရေးနှင့်ဥပဒေပညာ ရှင်ဦးတင်သန်းဦးကပြောသည်။
ဦးတင်သန်းဦးက " ဘယ်နိုင်ငံ မှာမဆို လာပြီးရင်းနှီးမြှုပ်နှံပြီဆိုရင် သူတို့ကုမ္ပဏီနာမည်ထားလို့ရတယ်။ နိုင်ငံနာမည်ကို သီးခြားတပ်ခွင့်မရှိဘူး။ ဥပမာအမေရိကန်သံရုံးလို့ပဲ တပ်ခွင့် ရှိတယ်။ အမေရိကန်နိုင်ငံလို့ထားခွင့် မရှိဘူး။ ဘဏ်ဆိုရင်လည်း ဗီယက် နမ်ကမှန်းသိစေချင်ရင် ဗီယက်နမ် ဘဏ်လို့ထားလို့ရတယ်။ ဘဏ် နောက်မှာ ဗီယက်နမ်လို့ထားခွင့်မရှိ ဘူး။ အမေရိကန်ဘဏ်၊ အမေရိကန် သံရုံးဆိုပြီးရေးခွင့်ကို ဥပဒေအရခွင့် ပြုပြီးသား။ အဲလိုမဟုတ်ဘဲ မိမိနိုင်ငံ နာမည်ကို သီးခြားရေးရင်တော့နိုင်ငံ ရဲ့အချုပ်အခြာကို ထိခိုက်စေတယ် " ဟု ပြောသည်။
သက်ဆိုင်ရာနိုင်ငံ၏ စည်ပင် သာယာရေးကော်မတီများကတရား စွဲချက်ကို တရားရုံးမှ ဒဏ်ရိုက်ပြီးချိန် အထိ ယင်းစာသားဆိုင်းဘုတ် ကိုမ ဖြုတ် လျှင်၊ မဖြုတ်ချမချင်း တရားရုံး သို့ကုမ္ပဏီမှ နေ့စဉ်ဒဏ်ကြေးတိုး မြှင့်ပေးဆောင် ရမည်ဖြစ်ကြောင်း ၎င်းင်းကသုံးသပ်ပြောသည်။
ယင်းနှင့်ပတ်သက်၍ ၀ါရင့်မြန် မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ် ဦးဖြစ်သည့် ဦးဘတင့်ဆွေက " ဒါက တော့ အခြားနိုင်ငံ တစ်ခုမှာ ကိုယ့် ကုန်ပစ္စည်းကိုကြေညာမယ်ဆိုရင်ကိုယ့်နိုင်ငံနာမည်ထည့်ပြီး ကြေညာ တော့ပိုကောင်းတာပေါ့။ သို့သော် သက်ဆိုင်ရာနို င်ငံရဲ့ စည်ပင် သာယာ ရေး ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ အညီတော့ ဆောင် ရွက်ရမှာပေါ့" ဟု ၎င်း ကပြောသည်။
ဗီယက်နမ်နိုင်ငံအခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းစုကြီးဖြစ် သော HAGL သည် ရန်ကုန်မြို့ တွင် ၂၀၁၃ ခုနှစ်မှစတင်၍ တည် ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ ခြင်းဖြစ်ပြီး ရန်ကုန်မြို့၏ အချက်အ ချာကျသောနေရာတွင် တည်ရှိခြင်း၊ တစ်နေရာတည်း တွင် ရုံးခန်း၊ ဈေး၊ ဟိုတယ်စသည့် လူနေမှုပတ်ဝန်းကျင် အဆင်ပြေချောမွေ့မှုစသော အဓိက အချက်များကိုဖြည့် ဆည်းပေးနိုင်မှု တို့ကြောင့် HAGL Myanmar Centre သည် ပြည်တွင်းပြည် ပ ရင်း နှီးမြှုပ်နှံသူများ အဓိကအားထား ရာ နေရာတစ်ခုဖြစ် လာခဲ့ကြောင်း သိရ သည်။
Credit To >>> Democracy Today

0 comments:

Post a Comment