Wednesday, August 24, 2016

ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် ဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်နိုင်ခဲ့


တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်လျှင် နျူကလီးယားဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ဗုဒ္ဓဟူးနေ့၌ မြောက်ကိုရီးယားနိုင်ငံသည် ရေငုပ်သင်္ဘောမှ ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားစစ်တပ်မှ ၀န်ထမ်းရေးရာအကြီးအကဲကထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် အဆိုပါ ဒုံးကျည်ကို ယနေ့ နံနက်အစောပိုင်းတွင် ဂျပန်ပင်လယ်ထဲရှိ ရေငုတ်သင်္ဘောတစ်စင်းမှ ပစ်လွှတ်ခဲ့ပြီး ယခင်က ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများမှ တိုးတက်မှုအဖြစ် ကီလိုမီတာ ၅၀၀ ခန့်အထိ ပျံသန်းသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့မှ စတင်ကာ နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှု အူလ်ချီ လွတ်မြောက်ရေး စစ်ဆင်းရေးကို တောင်ကိုရီးယား နှင့် အမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာက ပြုလုပ်ခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော် တင်းမာမှုများ ဖြစ်ပေါ်လာချိန်တွင် ပစ်လွှတ်စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

Credit To >>>Demoracy Today

0 comments:

Post a Comment