ဘန်ကောက်မြို့အနီး မဟာချိုင်ဆိပ်ကမ်းမှာ အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ (Credit: Reuters)
ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းမှာ ပြည်ပကနေ သွားရောက် အလုပ်လုပ်
ကြသူတွေဟာ အတင်း အဓမ္မ စေခိုင်းခြင်း ခံနေရတယ်ဆိုတဲ့ အကြောင်း
နိုင်ငံတကာ ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ အစီရင် ခံစာ မှာ
ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာ ဆိုင်ရာ အလုပ်သမား အဖွဲ့က ထိုင်းနိုင်ငံက
ငါးဖမ်းလုပ်ငန်းမှာ အလုပ် လုပ်ကိုင် နေကြ တဲ့ ပြည်ပက အလုပ်သမား
ရာနဲ့ချီကို လေ့လာ ကောက်တမ်း ပြုလုပ်ခဲ့ပါတယ်။
ငါးဖမ်းလုပ်ငန်းမှာ ကျွန်အဖြစ် လုပ်ကိုင်နေကြသူ အများ စုဟာလဲ မြန်မာ
နိုင်ငံ နဲ့ ကမ္ဘောဒီး ယား နိုင်ငံက ဖြစ်ကြတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ဆိုင်ရာ အလုပ်သမား အဖွဲ့က အရာရှိ Max Tunon က
ငါးလုပ်ငန်းမှာ လုပ်ကိုင် နေကြရတဲ့ လုပ်သားတွေ အနိုင်ကျင့်ခံ
နေရတဲ့အကြောင်း ၊ လုပ်ငန်းခွင် အခြေအနေတွေ၊ လုပ်ကိုင် ရမည့် အလုပ်တွေ၊
စာချုပ်တွေ မရှိတဲ့အပြင်၊ လစာ တွေလဲ ရချင်မှရတာတွေ၊ နှုတ်ချင်သလို
နှုတ်တာတွေ အများ အပြား ရှိနေတဲ့အကြောင်း၊ အလုပ်နားချိန်
မမှန်ကန်တာတွေ၊ လွတ်လပ်မှု မရှိ တာတွေ ဖြစ်နေတဲ့ အကြောင်းနဲ့
အလုပ်သမားများ ရပိုင်ခွင့်တောင်း နိုင်တဲ့ အဖွဲ့ အစည်းအခြေ အမြစ်တွေ
လုံးဝ မရှိတဲ့ အကြောင်း အစီရင်ခံစာမှာ တင်ပြထား တယ်လို့ သိရပါတယ်။
ABC Radio Australia
0 comments:
Post a Comment