Monday, August 1, 2016

လှိုင်သာယာစက်မှုဇုန်ကို အထူးစီးပွားရေးဇုန်အဖြစ် အကောင် အထည်ဖော်ဆောင် ရွက်သွားမည်


ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လှိုင်သာယာ စက်မှုဇုန် ကို စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူး စီးပွားရေးဇုန် (Special Economic Zone -SEZ)အဖြစ် အကောင်အ ထည်ဖော်ဆောင်ရွက် သွား မည်ဖြစ် ကြောင်း လှိုင်သာယာ စက်မှုဇုန်လုပ် ငန်းရှင်အသိုင်းအ၀ိုင်းမှ သိရသည်။
လှိုင်သာယာစက်မှုဇုန်ကို အ ထူးစီးပွားရေးဇုန်ဖြစ်ပေါ်ရေးအ တွက် စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းတို့ ဇူလိုင် ၃၀ ရက်က လှိုင်သာယာစက်မှုဇုန်တွင် ဆွေး နွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်း အောင်က "လှိုင်သာယာစက်မှုဇုန် ကို SEZ ပေါ့။ အထူးစီး ပွားရေး ဇုန် အဖြစ် အကောင် အထည်ဖော်မှာ။လက်ရှိဇုန်ကိုပဲ လုပ်ဆောင်သွားမှာ။အခုမှလုပ် ဖို့ ပြင်ဆင် ဖို့ဆွေးနွေးတာ ပါ" ဟု ဇူလိုင် ၃၀ ရက်က ဒီမိုကရေ စီတူဒေးသတင်းစာ ကို ပြောသည်။

လှိုင်သာယာစက်မှုဇုန်ကို ရန် ကုန်တိုင်းဒေသကြီး၏ စံပြစက်မှုဇုန် အဖြစ် အကောင်အထည်ဖော်ရန် အတွက်ဆောင် ရွက်ခြင်းဖြစ်ပြီး ယင်း လုပ်ငန်း များပြီး စီးပါက ကျန် စက်မှုဇုန်များကိုလည်း လှိုင်သာယာ စက်မှုဇုန်အတိုင်း မိုဒယ်ပုံစံရယူကာ ဆောင် ရွက်ရန် ရည်မှန်းထားကြောင်း သိရသည်။

" အဲဒါ ဒီလို လုပ်တဲ့အခါကျရင်တော့အထူး စီးပွားရေးဇုန်နဲ့အညီလုပ်ဆောင်ရ မှာတော့ရှိတာပေါ့။ စက်မှုဇုန်လုပ် ငန်းပိုပြီး အဆင့်မြင့်သွားတာပေါ့။ လိုအပ်တာတွေတော့ ထပ်ဖြည့်ရ မယ်။ Infrastructure အပိုင်းက တော့ ထပ်ပြီး ကုန်ကျ မှာပေါ့။ မြေ ကိစ္စ တွေ၊ ရေဆိုးသန့်စင် တာတွေ လုပ် ရမှာပေါ့။ အရင်တုန်းကလည်း လမ်း တွေ လုံခြုံရေးကအစကိုယ်တိုင် လုပ် ခဲ့ရတာတွေရှိ တယ်။ အခုတိုင်းဒေ သကြီးအစိုးရနဲ့တော့ ညှိနှိုင်းပြီး ဆောင် ရွက်ရ မှာပါ" ဟု ဆိုသည်။

လက်ရှိလှိုင်သာယာစက်မှု ဇုန်တွင် အပိုင်း ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ တို့ တည်ရှိပြီး အကျယ်အ၀န်းဧရိယာ မှာ ၁၄၀၁ ဒသမ ၉၈ ဧက တည်ရှိပြီး စက်မှုဇုန်ဧရိယာ မှာ ၁၀၈၇ ဒသမ ၉၈ ဧက တည်ရှိကာ စက်ရုံမြေကွက် ၇၀၀ ကျော်တွင် လုပ်ငန်းလည်ပတ် လျက်ရှိသည့် စက်ရုံ ၆၆၀ ကျော်ရှိ ကာ လုပ်သားအင်အား ၇၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

စီးပွားရေးပညာရှင်ဦးတင်ဦး လွင်က " တရုတ်နိုင်ငံအနေနဲ့ အခု လက်ရှိမှာ ကမ္ဘာ့စီးပွားရေးထိပ်တန်း နိုင်ငံဖြစ်လာတာ စက်မှုဇုန်လုပ် ငန်း တွေကြောင့် ပဲ။ အဲဒါကိုအရင်အစိုးရ လက်ထက်တုန်းကလည်း တရုတ်ပုံစံအ တိုင်းလုပ်ခဲ့တယ် ။ ဒါပေမဲ့စက် မှုဇုန် ဆိုတာ မြေကွက်တွေ ပဲရှိပြီးလုပ်ငန်း ဖြစ်မြောက် မှုအပိုင်းက မရှိခဲ့ဘူး။ ရှိ တဲ့စက်မှုဇုန်ဆိုတာ ကလည်း လက်ခစား အထည်ချုပ်လောက်ဆိုတော့ဘာမှ မဖြစ်ခဲ့ဘူး။ အခုပြည်တွင်းမှာအထူး စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီးဥပဒေ တွေ လည်း အဆင်သင့်ရှိ တာဖြစ်တဲ့အ တွက်လုပ်သင့်တယ်။ ဒါပေမဲ့ အရင်တုန်း ကလိုမျိုးတော့ ဟန်ပြစက်မှုဇုန်မျိုးမ ဟုတ်ဘဲ အမှန်အကန် စက်မှု ဇုန်မျိုး ကို ပြန်လည်လုပ်ဆောင်နိုင်မယ်ဆို ရင်တော့ ကောင်းလာမယ်လို့ပဲပြော ချင်ပါတယ်" ဟု ပြောခဲ့သည်။

Credit To >>> Democracy Today

0 comments:

Post a Comment