Monday, August 15, 2016

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တန်ဖိုးနည်းတိုက်ခန်းသစ်များ မကြာမီရောင်းချမည်


အခြေခံလူတန်းစားပြည်သူများ နှစ်စဉ်ရန်ကုန်မြို့တွင်း၌ တိုးပွားလာသည့်အတွက် ခေတ်နှင့်လျော်ညီစွာ သင့်တင့် လျောက်ပတ်သော တန်ဖိုးနည်းအိမ်ရာတိုက်ခန်းသစ် များပေါ်တွင် အိုးပိုင်အိမ်ပိုင်နေထိုင်နိုင်ရေးအတွက်
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၈၉)ရပ်ကွက် ကနောင် လမ်းမကြီးဘေးရှိ ၁ဝ ဧကကျယ်ဝန်းသော မြေကွက်လပ် ပေါ်၌ တန်ဖိုးနည်းကနောင်အိမ်ရာ စီမံကိန်းကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာလမှ စတင်တည်ဆောက်လျက်ရှိပြီး ခြောက်ခန်းတွဲ လေးထပ်မြင့်အဆောက်အအုံတိုက်ခန်း၌ ၄၆၈ စတုရန်းပေအကျယ်ရှိ အခန်းပေါင်း ၄၈ဝ ရှိ အဆောက်အအုံ အလုံး ၂ဝ နှင့် ရှစ်ခန်းတွဲ လေးထပ်မြင့် အဆောက်အအုံတိုက်ခန်း၌ ၄၈၄ စတုန်ရန်းပေ၊ ၅၂၂ စတုရန်းပေအကျယ် အခန်းပေါင်း ၃၈၄ ခန်းရှိ အဆောက် အအုံ ၁၂ လုံး စုစုပေါင်း အဆောက်အအုံ ၃၂ လုံး၊ အခန်းပေါင်း ၈၆၄ ခန်းကို ဆောက်လုပ်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်၍ မကြာမီ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းသစ် များကို အခြေခံလူတန်းစား ပြည်သူများထံသို့ ရောင်းချပေး တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာမှူး ဒေါ်သဲစုငြိမ်းက ပြောသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အတွင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးနည်း အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်းများစွာကို ဆောက်လုပ် ပေးလျက်ရှိသည့် (၉၄)ရပ်ကွက် ယုဇနဥယျာဉ်မြို့တော်၌ တန်ဖိုးနည်း ယုဇနအိမ်ရာစီမံကိန်း အပိုင်း(၁)၊ (၉၂) ရပ်ကွက် စစ်တောင်းရိပ်မွန်၌ တန်ဖိုးနည်း ယုဇနအိမ်ရာ စီမံကိန်းအပိုင်း (၂)နှင့် (၈၉)ရပ်ကွက် တန်ဖိုးနည်းကနောင် အိမ်ရာစီမံကိန်းတိုက်ခန်းများ ရောင်းချရာတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ မည်သည့်နေ့၊ မည်သည့်ရက်တွင် ရောင်းချပေးမည်ကို အခြေခံလူတန်းစား ပြည်သူများက စိတ်ဝင်တစားစောင့်မျှော်လျက်ရှိကြောင်း သိရသည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment