Friday, July 29, 2016

CHDB ဘဏ်၌ အိမ်ရာငွေစုစာရင်းဖွင့်ထားသူများ အစိုးရအကောင်အထည်ဖော်သည့် နှစ်သက်ရာ အိမ်ရာစီမံ ကိန်းမှ အခန်းဝယ်နိုင်မည်

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေးဘဏ် (CHDB) တွင် Housing Saving (အိမ်ရာငွေစုစာရင်း) ဖွင့်လှစ်ထားသူများကို အစိုးရက အကောင်အထည်ဖော် တည်ဆောက်နေသော အိမ်ရာစီမံကိန်းများထဲမှ မိမိနှစ်သက်ရာ အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။

အိမ်ရာငွေစုစာရင်း လုပ်ထားသူများကို အစိုးရက အကောင်အထည်ဖော်တည်ဆောက်နေသော မည်သည့်အိမ်ရာစီမံကိန်းမဆို ဝယ်ယူခွင့်ရရှိနိုင်မည်ဖြစ်ပြီး ကန့်သတ်ထားခြင်းမရှိကြောင်း ၎င်းကရှင်းပြသည်။
“ဝယ်ယူမယ့်သူ ဆုံးဖြတ်ချက်ပါပဲ။ ဥပမာ- သူ့ဘာသာ ရတနာအိမ်ရာ စီမံကိန်းမှာပဲဝယ်ဝယ်၊ ဗိုလ်ဗထူးပဲ ဖြစ်ဖြစ် ကြိုက်တာဝယ်ယူခွင့် ရှိပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ Housing Saving စာရင်းဖွင့်လှစ်ပြီး အစိုးရ၏တန်ဖိုးနည်းအိမ်ရာဝယ်ယူခွင့်ကို လာမည့်ဩဂုတ်လမှစတင်ကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေးဘဏ်ထံမှ သိရသည်။
Housing Saving စာရင်းသည် သာမန်ငွေစုစာရင်းနှင့် ပုံစံအတူတူပင်ဖြစ်ပြီး စာရင်းဖွင့်ရာတွင် မိမိကြိုက်နှစ်သက်ရာ ငွေပမာဏဖြင့် စာရင်းဖွင့်လှစ်နိုင်ကာ သာမန်ငွေစုစာရင်းဖွင့်ထားသူများကဲ့သို့ပင် သတ်မှတ်အတိုးနှုန်းရရှိမည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
အစိုးရ၏ တန်ဖိုးနည်းအိမ်ရာဝယ်ယူလိုသူများသည် Housing Saving စာရင်း၌ တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းရှိမှသာ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဘဏ်က ၇၀ ရာခိုင်နှုန်းကို ချေးငွေထုတ်ချေးမည်ဖြစ်ကာ ရှစ်နှစ်ပြန်လည်ပေးသွင်းရမည်ဖြစ်သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment