Friday, July 15, 2016

မလေးရှား ဗဟိုဘဏ် အတိုးနှုန်းလျှော့ချမှုကို မမျှော်လင့်ဘဲ ပြုလုပ်


ခုနှစ်တာအတွင်း ပထမဆုံးအနေနဲ့အနေနဲ့ မလေးရှား ဗဟိုဘဏ်ဟာအတိုးနှုန်းလျှော့ချမှုတစ်ခုကို မမျှောလင့်ဘဲ လုပ်ဆောင်လိုက်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ 
ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ဂယက်ထလာနေတဲ့အချိန်မှာ နိုင်ငံတွေရဲ့စီးပွားရေးကို တွန်းအားပေးနိုင်ဖို့အတွက်ယခုနှစ်တွင်းမှာ ငွေကြေးမူဝါဒဖြေရှင်းမှုတွေလုပ်ဆောင်ထားခဲ့တဲ့အာရှနိုင်ငံတွေထဲမှာ ယခုအခါ မလေးရှားနိုင်ငံလည်းပါဝင်လာခဲ့ပြီဖြစ်ပါတယ်။
မလေးရှားဗဟိုဘဏ်အနေနဲ့ ယင်းရဲ့အတိုးနှုန်းကို ၃ ရာခိုင်နှုန်းထိလျှော့ချလိုက်ပြီဖြစ်တယ်လို့ ဇူလိုင်လ ၁၃ ရက်ကကွာလာလမ်ပူမှာ ထုတ်ပြန်ပြောကြားသွားပါတယ်။
" ပြင်ပက ရိုက်ခတ်လာနိုင်မှုတွေက သက်ရောက်မှုကြီးမားမယ်လို့ သူတို့အကဲဖြတ်ခဲ့ကြပါတယ်၊ ပြည်တွင်းက တိုးတက်မှုရင်းမြစ်တွေကလည်း ပြင်ပကရိုက်ခတ်မှုတွေကြောင့် ကျဆင်းသွားနိုင်မှုတွေအပေါ် ခုသာခံသာ ဖြစ်စေနိုင်မှာမဟုတ်ဘူးလို့ ယူဆလို့ ခုလို အတိုးနှုန်းလျှော့ချသွားတာပဲဖြစ်ပါတယ်" လို့ 
ကွာလာလမ်ပူမှာဖွင့်လှစ်ထားတဲ့ United Overseas Bank Ltd ဘဏ်ရဲ့ စီးပွားရေးကျွမ်းကျင်ပညာရှင် Julia Goh က ပြောပါတယ်။
ရေနံဈေးကျဆင်းမှု၊ ပို့ကုန်အားနည်းမှုတွေနဲ့အတူ ခုနှစ်တာအတွင်းအနှေးကွေးဆုံး အရှိန်နဲ့ တိုးတက်နေတဲ့ စီးပွားရေးပိုင်းကိုတွန်းအားပေးနိုင်ဖို့အတွက် ချေးငွေတွေကို အတိုးနှုန်းသက်သာစေဖို့ လုပ်ဆောင်ပေးရေး မလေးရှားအစိုးရအပေါ် မှာ ဖိအားတွေတိုးပွားလာနေခဲ့တာလည်းဖြစ်ပါတယ်။ အလားတူဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံနှုတ်ထွက်ဖို့ ဆုံးဖြတ်မဲပေးခဲ့တာကြောင့်လည်း ကမ္ဘာ့စီးပွားရေးအလားအလာတွေအပေါ် မရေမရာဖြစ်စေခဲ့ကာ မလေးရှားပို့ကုန်ပိုင်းအတွက် ၀ယ်လိုအားတွေကို ကျဆင်းသွားစေဖို့ ရှိနေပါတယ်။
ခုလို အတိုးနှုန်းလျှော့ချရတာကတော့ ပြည်တွင်းစီးပွားရေးကိုဆက်လက်ပြီးတည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခုပေါ်မှာရှိနေစေဖို့အတွက် ရည်ရွယ်ပါတယ် လို့လည်း မလေးရှားဗဟိုဘဏ်က ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။
Credit To >>>SFJ Strategy First Journal 

0 comments:

Post a Comment