Friday, July 15, 2016

ဘီလာရုစ်နိုင်ငံလေဆိပ်တွင် လေယာဉ်နှစ်စင်း မြေပြင်တွင်တိုက်မိ


ဘီလာရုစ်နိုင်ငံ မင့်စ်ပြည်တွင်း လေဆိပ်တွင် မိုးကြိုးမုန်တိုင်းများ တိုက်ခတ်မှုကြောင့် ကုန်တင်လေ ယာဉ်တစ်စင်းနှင့်ခရီးသည်များမပါ ရှိသော ခရီးသည်တင်လေယာဉ်တစ် စင်းတို့ ဇူလိုင် ၁၃ ရက်က ရင်ဆိုင် တိုက်မိခဲ့ကြသည်ဟု Belavia ပြည် တွင်းလေကြောင်းလိုင်းက ဇူလိုင် ၁၄ ရက်က သတင်းထုတ်ဖော်ပြော ဆိုလိုက်သည်။

ခရီးသည်တင်လေ ယာဉ်သည် Ruby Star Air Carrier ကုမ္ပဏီပိုင်ကုန်စည်သယ်ယူပို့ဆောင် ရေးလေယာဉ်တစ်စင်းနှင့် တိုက်မိ ခဲ့ကြပြီးရာသီဥတုဆိုးရွားနေမှုကြောင့် လေယာဉ်ငယ်တစ်စင်း လေတွင်လွင့်ပါ သွားခဲ့ပြီး အခြားလေယာဉ်ငါးစင်း တွင်လည်း အနည်းငယ်ထိခိုက်ပျက် စီးမှုများရှိခဲ့ရသည်ဟု လေယာဉ်ကွင်း အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုလိုက် သည်။ လေယာဉ်ကွင်းနှင့်အနီးတစ် ၀ိုက်တွင်လည်း မိုးသက်လေပြင်း များတိုက်ခတ်နေသည်ဟု ပြောဆို လိုက်သည်။
လေယာဉ်များပျက်စီးခဲ့ရသော် လည်း လူများအား မထိခိုက်ခဲ့ဟု အဖွဲ့ကပြောဆိုလိုက်သည်။
Credit To >>> Democracy Today

0 comments:

Post a Comment