Thursday, July 21, 2016

တူရကီနိုင်ငံတွင် ၃ လကြာမြင့်မည့် နိုင်ငံတော်အရေးပေါ်အခြေအနေ သမ္မတအာဒိုဂန်ကြေညာ

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်က ပြီးခဲ့သော ရက်သတ္တပတ်တွင် ဖြစ်ပွားခဲ့သည့် သွေးချောင်းစီးအာဏာ သိမ်းပွဲပြီးနောက် နောက်ကွယ်တွင် ရှိနေသော အကြမ်းဖက်အဖွဲ့ကို စုံစမ်းရန် ၃ လကြာမြင့်မည့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။
သံသယရှိသူပေါင်း ၅ သောင်းခန့်ကို ဖမ်းဆီးခဲ့ပြီး ကြံရာပါများကိုပါ လိုက်လံရှာဖွေခဲ့ရသည့် ဖြစ်ရပ်နောက်ကွယ်တွင် အမေရိကန်အခြေစိုက် ဘာသာရေးခေါင်းဆောင် ဖက်တူလာ ဂူလန်၏ နောက်လိုက်များ ပါရှိနေကြောင်း စွပ်စွဲခဲ့သည်။
အန်ကာရာမြို့ရှိ သမ္မတနန်းတော်မှ သမ္မတအာဒိုဂန်က “အာဏာသိမ်းရန်ကြိုးပမ်းမှုတွင်ပါဝင်သောအကြမ်းဖက်အဖွဲ့များ အားလုံးကို ဖယ်ရှားရှင်းလင်းနိုင်ရန်အလို့ငှာ နိုင်ငံတော်အရေးပေါ်အခြေအနေ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယင်းကဲ့သို့ အထူးစီမံချက်သည် နိုင်ငံတော်လုံခြုံရေး အာဏာကို မြင့်တက်လာစေသော် လည်း အာဒိုဂန်က ဒီမိုကရေစီနှင့်ပတ်သက်ပြီး ဆွေးနွေးစရာအကြောင်းမရှိကြောင်း ကြွေးကြော်ထားသည်။ အဆိုပါ ကြေညာချက်သည် သမ္မတနန်းတော်၌ အာဒိုဂန်ဦးဆောင်သော ၀န်ကြီးအဖွဲ့၊ တူရကီနိုင်ငံ၏ အမျိုးသား လုံခြုံရေးကောင်စီနှင့် အချိန်ကြာမြင့်စွာအစည်းအဝေးပြုလုပ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
Credit To >>> Democracy Today

0 comments:

Post a Comment