Thursday, July 21, 2016

အများပြည်သူသိရှိရန် အသိပေးနှိုးဆော်


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသောဆေးဝါးများကို အများပြည်သူသုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲကြပ်မတ် လျက်ရှိသည်။ 
ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဘူးပေါ်တွင်ဖော်ပြချက်အရ Chengdu Emei Pharmaceutica Co., Ltd, Sichuan, China ထုတ် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသော Griseofulvin Tablets 125 mg ဆေးဝါးသည် ဆေးဝါး အတု(အတု) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ 

ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီဝဲသော ရောဂါဝေဒနာရှင်များသည် စရိတ်များစွာကုန်ကျသည့် အပြင် မိမိတို့ခံစားနေရသော ရောဂါများပျောက်ကင်းခြင်း (လုံးဝ)မရှိဘဲ ပိုမိုဆိုးရွားသောအခြေအနေ ခံစားရမည်ဖြစ် သည်။ သို့ပါ၍ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝ (လုံးဝ)မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင် ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ(၁၈)အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေးထားသည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment