Thursday, July 21, 2016

ဗဟိုဘဏ်လုပ်ဆောင်ချက်ပြောင်းလဲမှသာ ငွေကြေးဈေးကွက်ကို ထိန်းနိုင်မည်ဟု ဆို

အရပ်သားအစိုးရလက် ထက်တွင် မြန်မာငွေတန်ဖိုးတက် လာသော်လည်း အမေရိကန်ဒေါ် လာနှင့် ကျပ်ငွေလဲနှုန်းကို တည် ငြိမ်အောင်မထိန်းနိုင်သဖြင့် ဗဟို ဘဏ်၏ လုပ်ဆောင်ချက်များကို ပြောင်းလဲပြင်ဆင်ရန် လုပ်ငန်းရှင် အချို့က အကြံပြုပြောကြားသည်။
ဗဟိုဘဏ်သည် ငွေလဲနှုန်းသတ်မှတ်ရာတွင် ပုဂ္ဂလိကဘဏ် များ၏ လေလံဈေးကွက်၌ အဆိုပြုနှုန်းထားကို  တရားဝင်ရည် ညွှန်းငွေလဲနှုန်းအဖြစ် သတ်မှတ် ခြင်းဖြစ်သည်။  ထိုသို့ဈေးနှုန်း သတ်မှတ်မှုသည် ပုဂ္ဂလိကဘဏ် များက သတ်မှတ်သည့် ဈေးနှုန်းမျိုးဖြစ်နေပြီး ဗဟိုဘဏ်က ကြားဝင်မထိန်းသကဲ့သို့ ဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။ ဗဟိုဘဏ်က ဈေးနှုန်းသတ် မှတ်သော်လည်း ပြင်ပတရားမ၀င် ဈေးကွက်ကသာ ဦးဆောင်နေသ ဖြင့် ထိန်းပေးနိုင်ခြင်းမရှိကြောင်း ၎င်းတို့က ပြောသည်။
‘‘ဈေးကွက်က အတက်အကျအရမ်းများတော့ လုပ်ငန်းလုပ်တဲ့ အခါမှာ စွန့်စားပြီးလုပ်နေရတယ်’’ဟု   မြန်မာနိုင်ငံစက်သုံးဆီတင် သွင်းရောင်းချသူများအသင်း အ တွင်းရေးမှူး ဦးဝင်းမြင့်က ပြော ကြားသည်။

ဗဟိုဘဏ်သည် နိုင်ငံ၏ ငွေ ကြေးမူဝါဒကို အဓိကကိုင်တွယ်ရ သည့် အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ ဒီချုပ်အစိုးရ၏  ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်လည်း ဗဟို ဘဏ်အား လွတ်လပ်ခွင့်ပိုပေးမည် ဟု ဖော်ပြထားသည်။ သို့သော် အစိုးရ၏ ရက်တစ်ရာစီမံချက်ပြီးသည်အထိ ဗဟိုဘဏ်ကို ပြန်လည်မဖွဲ့စည်းနိုင်သေးဘဲ ယခင်အစိုးရ လက်ထက်အတိုင်း  ပြည်ပငွေ ကြေးဈေးကွက် ထိန်းနိုင်ခြင်းမရှိသေးကြောင်း လုပ်ငန်းရှင်အချို့က ဝေဖန်နေသည်။
‘‘ငွေကြေးမူဝါဒကို ချမှတ် မယ့် ဗဟိုဘဏ်နဲ့ပတ်သက်ပြီး ဘာမှ တိတိကျကျမသိရသေးဘူး။ ဗဟိုဘဏ်က တိုင်းပြည်စီးပွားရေး အတွက်  အဓိကကျတယ်’’ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောသည်။
 မြန်မာကျပ်ငွေတန်ဖိုးသည် အစိုးရသစ်လက်ထက်တွင် မြင့် တက်လာပြီး    ပြင်ပဈေးကွက်၌အမေရိကန်  တစ်ဒေါ်လာလျှင် ၁,၂၀၀ ကျပ်အောက်သို့ ကျဆင်း လာသည်။ ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းသည် ရက်ပိုင်းအတွင်း အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ပြီး ပြင်ပဈေးကွက်၌ တစ်ရက်အတွင်း ၁၀၊ ၁၅ ကျပ်အပြောင်းအ လဲရှိကြောင်း ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။
ဇူလိုင် ၂၀ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၁၈၃ ကျပ်ဈေးရှိပြီး ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ၈၃၅,၀၀၀ ကျပ် ကျော်ဈေးဖွင့်ထားသည်။ ဗဟိုဘဏ်က သတ်မှတ်သော  တရားဝင်ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁,၁၇၉ ကျပ်ရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment