Thursday, July 21, 2016

ရေနံဈေးနှုန်း အနည်းငယ်တက်

ရေနံကြိုရောင်း ကြိုဝယ် အစုရှယ်ယာပိုင်းမှာတော့ ဇူလိုင်လ ၂၀ ရက်ကအာရှဒေသမှာ မြင့်တက်ခဲ့ပေမယ့် အကန့်အသတ်နဲ့သာ တက်ခဲ့ပါတယ်။ ယင်းနေ့မှာတော့ အမေရိကန်အစိုးရရဲ့ တရားဝင် ရေနံကုန်စည်စာရင်းထုတ်ပြန်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။
Brent ရေနံဈေးနှုန်းပိုင်းမှာတော့ ဇူလိုင်လ ၂၀ ရက်က တစ်စည်ကို ဒေါ်လာ ၄၆ ဒသမ ၈၄ နဲ့ ၁၈ ဆင့် မြင့်တက်ခဲ့ပါယ်။ ဇူလိုင်လ ၁၉ ရက်မှာတော့ အရောင်းအ၀ယ်ပိုင်းမှာ ၃၀ ဆင့် လျော့ကျထားခဲ့ပြီး တစ်စည်ကို ဒေါ်လာ ၄၆ ဒသမ ၆၆ နဲ့ ရောင်းဝယ်ခဲ့ရပါတယ်။

အမေရိကန် WTI ရေနံဈေးနှုန်းပိုင်းမှာလည်း တစ်စည်ကို ဒေါ်လာ ၄၄ ဒသမ ၆၉ နဲ့ ၄ ဆင့် မြင့်တက်လာခဲ့ပါတယ်။ ယမန်နေ့ ရောင်းချမှုပိုင်းမှာတော့ တစ်စည်ကို ၄၄ ဒသမ ၆၅ ဒေါ်လာ နဲ့ ၅၉ ဆင့် ကျဆင်းထားခဲ့ပါတယ်။

" နောက်ထပ်အပတ်စဉ် ရေနံကုန်စည်စာရင်း မထွက်ခင် ရေနံဈေးတွေဟာတည်ငြိမ်မှုမရှိတာကို တွေ့ရပါတယ်၊ ဒေါ်လာဈေးအားကောင်းနေတာကြောင့်လည်း ရေနံဈေးပိုင်းမှာ ထင်သလောက်တက်မလာခဲ့ပါဘူး" လို့အကဲဖြတ်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Matt Smith က ပြောပါတယ်။

ဇူလိုင်လ ၂၀ ရက်က အာရှကုန်သွယ်မှုမှာတော့ ဒေါ်လာငွေကြေးတန်ဖိုးဟာ တည်ငြိမ်နေခဲ့ပြီး အမေရိကန်ရဲ့ ကုန်စည်အချက်အလက်ပိုင်းမှာ အားကောင်းနေခဲ့တာနဲ့ ဂျပန်ဗဟိုဘဏ်က နောက်ထပ်ဘဏ္ဍာရေးမူဝါဒပိုင်းဖြေလျော့မှုတွေ ထပ်မံလုပ်ဆောင်လာမယ့် မျှော်မှန်းချက်တွေ မြင့်တက်လာနေတာကြောင့် ဒေါ်လာဈေးနှုန်းပိုင်းမှာ လေးလအတွင်း အမြင့်ဆုံးကိုရောက်ရှိစေခဲ့ပါတယ်။

အမေရိကန် ရေနံဆိုင်ရာ ဌာနကထုတ်ပြန်ခဲ့တဲ့အချက်အလက်တွေအရ ယခင်လတုန်းကတော့ လက်ကျန်ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်းထိလျော့ကျသွားခဲ့တာကြောင့် အစောပိုင်းကာလတုန်းက ရေနံဈေးနှုန်းတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်အဖွဲ့ EIAက ဇူလိုင်လ ၂၀ ရက်ကမှာ ယင်းရဲ့ လက်ကျန်ရေနံကုန်စည်စာရင်းအချက်အလက်တွေကို ထုတ်ပြန်ဖို့ရှိနေပါတယ်။ တကယ်လို့သာ ကုန်စည်စာရင်းမှာ လျော့ကျသွားခဲ့မယ်ဆိုရင် ယင်းဟာ ကိုးပတ်ဆက်တိုက်အမေရိကန်ရဲ့ ရေနံကုန်စည်ကျဆင်းမှုလဲဖြစ်လာဖို့ ရှိနေပါတယ်။

ရေနံထုတ်ကုန် တင်သွင်းမှုပိုင်းမှာဆိုရင်ည်း တရုတ်ရဲ့ ဇွန်လက ဓါတ်ဆီထုတ်လုပ်မှုဟာ ယခင်တစ်နှစ်ကထက် ၈ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး တန်ချိန်ပေါင်း ၁၁ သန်းထိ ဒါမှမဟုတ် တစ်နေ့ကိုစည်ပေါင်း ၃ ဒသမ ၁ သန်း ထိ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။

Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment