Friday, July 29, 2016

တရားမ၀င်ကုန်စည်စီးဆင်းမှုကို ထိန်းချုပ်နိုင်ရန် သွင်းကုန်အစားထိုး ထုတ်ကုန်များအပေါ် ကောက်ခံနေသည့် အခွန်များ လျှော့ချပေး ရန်လိုအပ်နေဟု လွှတ်တော်တွင် တင်ပြ

တရားမ၀င် ကုန်စည်စီးဆင်းမှုကို ထိန်းချုပ်နိုင် ရန်အ တွက် သွင်းကုန်အစားထိုး ထုတ်ကုန်များ (ကုန်ထုတ် လုပ်ငန်း များ) အပေါ်ကောက် ခံနေသည့် အ ခွန်များအားလျှော့ချပေးရန် လိုအပ် နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ်ဒေါက်တာမြတ်ဥာဏစိုးက ဇူလိုင် ၂၈ ရက်ကပြုလုပ် သည့် ဒုတိယအကြိမ် ပြည်ထောင် စုလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေးတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။

" လျှော့ချပေးရမယ့် အခွန် တွေကတော့သွင်းကုန်အစားထိုး ထုတ်ကုန်တွေ ဖြစ်ပါ တယ်။ ဥပမာ လူသုံးကုန်ပစ္စည်းတွေ အိမ်နီးချင်း နိုင်ငံတွေက တရားမ၀င် ၀င်နေတဲ့ ကုန်ပစ္စည်းတွေကိုလည်း မထိန်း ချုပ်နိုင်ပါဘူး။ ဟန့်တားနိုင်ခြင်းမရှိ ပါဘူး။ အခွန်အကောက်တွေ ကို လျှော့ ချပေးရမှာဖြစ်ပါတယ်။ တန်ဖိုးမြင့် ထုတ်ကုန်တွေ ပြည်ပပို့ကုန်တွေ ကို ကုန်သွယ်လုပ်ငန်းခွန် တစ်ခုတည်း အပေါ်မှာ မူတည်နေတာကို ကုန် ထုတ်လုပ်ငန်းတွေအပေါ်မှာကောက် ခံတဲ့အခွန်တွေကိုလည်း လျှော့ချဖို့ လိုပါတယ်" ဟု ဒေါက်တာမြတ်ဥာဏစိုးက ဆိုသည်။
သို့သော် ကျန်းမာရေးနှင့်လူ့ စွမ်းအားအရင်းအမြစ်ကို ထိခိုက် စေမည့် ကုန်စည်များ (ဥပမာ-ဆေး လိပ်၊ အရက်၊ ဆေးရွက်ကြီး)၊ သ ဘာဝသယံဇာ တထုတ်ကုန်များကဲ့ သို့ ကုန်စည်များအား အခွန်တိုးမြှင့် ကောက်ခံရန် လိုအပ်နေကြောင်း ၄င်း ကဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခွန် ကောက်ခံရရှိမှုသည် ပြည်တွင်းအ သားတင် ထုတ်ကုန် (GDP) ၏ ၅ ရာခိုင်နှုန်းအောက်လျော့နည်းကာ အာဆီယံဒေသ တွင်း အခွန်ကောက် ခံမှု အနည်းဆုံးနိုင်ငံအဖြစ် ရပ်တည် နေပြီး အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများသည် ပြည်တွင်း အ သားတင်ထုတ်ကုန် (GDP) ၏ ၁၇ ရာခိုင်နှုန်း၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံများသည် ပြည်တွင်း အသား တင်ထုတ်ကုန် (GDP)၏ ၁၄ ရာ ခိုင်နှုန်းနီးပါး အခွန်ကောက်ခံရရှိ လျ က်ရှိကြောင်း ရန်ကုန်တိုင်းဒေ သကြီး ဒဂုံမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက် သက်ခိုင်က ဆိုသည်။
ဒေါက်တာသက်သက်ခိုင်က" အ ခွန်ကောက်ခံမှုထိထိရောက်ရောက် ကောက် ခံနိုင်ဖို့အခွန်စနစ်ကို ပြုပြင် ပြောင်းလဲနိုင်ဖို့ လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။ အခွန်ကောက်ခံခြင်း စနစ်ကို ပြုပြင်ပြောင်းလဲခြင်းသည် သာရေရှည်နိုင် ငံ့ကောင်း ကျိုးအတွက် ကုစားရာဖြစ်ပါတယ်" ဟု ဆိုသည်။
တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးကာ အစိုးရ ၏အခွန်ရရှိမှုကို တိုးမြှင့်နိုင်မည်ဖြစ် ပြီး အခွန်စနစ်အား စနစ်တကျပုံစံ ချခြင်းဖြင့် နိုင်ငံတော်အစိုးရမှ ဖော် ဆောင်နေသည့် စီးပွားရေး၊လူမှုရေး မူဝါဒများအားအကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
" ၀င်ငွေမြင့်တဲ့ နိုင်ငံသားတွေ ကို အခွန်ပိုထည့်ဝင်စေတာဟာ ပြည်သူ ပိုင်ပစ္စည်းတွေဖြစ်တဲ့ အခြေ ခံအဆောက်အအုံနဲ့ပြည် သူ့ဝန်ဆောင် မှုတွေ ကို နိုင်ငံသားတွေကြားမှာ သာတူညီမျှသုံးစွဲခွင့်ပေးခြင်း ကို ဖော် ဆောင် တာလည်းဖြစ်ပါတယ်။ အ ခွန် ကိုစနစ်တကျကောက်ခံဖို့ ဗဟို အစိုးရ ၊ ပြည်နယ် /တိုင်းဒေသကြီး အစိုးရအဆင့်တွေနဲ့မြို့နယ်တွေအ ကြားမှာ ဘဏ္ဍာငွေ ရှာဖွေခြင်း၊ သုံး စွဲခြင်းတွေ မှာ တာဝန်ခွဲခြားထားသင့် ပါတယ်" ဟု ဒေါက်တာသက်သက် ခိုင်ကဆိုသည်။
အစိုးရအနေဖြင့် ၀င်ငွေကို သယံဇာတများရောင်းချခြင်းနှင့် အခွန်ကောက် ခံခြင်း တို့အပေါ်မှ ရရှိ လျက်ရှိရာ သဘာဝသယံ ဇာတအား မှီခိုခြင်းမရှိ သည့် နိုင်ငံများအနေ ဖြင့် အခွန်ကောက်ခံမှုရရှိသည့် ၀င် ငွေဖြင့်ရပ်တည်နေ ရပြီး အခွန် ကောက် ခံခြင်းကို နှစ်စဉ်လျာထား ချက်များအပေါ် အခွန်ကောက် ခံ သည့်စနစ်အပြင် အခွန်ထမ်းအခြေ (Tax Base)တိုး ချဲ့ခြင်း ကို အလေး ပေးဆောင်ရွက် ရန်လိုအပ်သဖြင့် အခွန် ဆိုင်ရာပညာပေးခြင်း၊ အခွန်ထမ်း အခွန်ဝန်ဆောင်မှုကိုတိုးပေးခြင်း၊ ရိုး ရှင်းလွယ်ကူ သည့် အခွန်ပေးဆောင် သည့်စနစ်အား ပြည်သူများ အား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။
Credit To >>> Democracy Today

0 comments:

Post a Comment