Friday, July 29, 2016

တပ်မတော်ကို အရပ်ဘက်အုပ်ချုပ်မှုအောက်တွင်ထားရန် မိုင်ဂျာယန်အစည်းအဝေးက ဘုံသဘောထားချမှတ်

အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ အခြေခံရမည့် မူများအဖြစ် ပြည်ထောင်စုတပ်မ တော်ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်တွင် ထားရှိရေးအပါအဝင် အခြေခံအချက်အချို့ကို မိုင်ဂျာယန်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ မျက်နှာစုံညီအစည်းအဝေး တတိယနေ့၌ ဘုံ သဘောထားအဖြစ် စုစည်းခဲ့သည်။
အစည်းအဝေးတတိယနေ့ တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ရှစ်ဖွဲ့က တင်သွင်း လာသည့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၏အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေးမူ ဝါဒဆိုင်ရာ အခြေခံမူစာတမ်းနှစ် စောင်ပေါ်တွင် အခြေခံ၍ ဆွေး နွေးခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးအပြီးတွင် အ နာဂတ်ဖက်ဒရယ်ပြည်ထောင်စု ကို တည်ဆောက်ရာတွင် အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက် ၍ အခြေခံရမည့်မူများအဖြစ် ပြည်ထောင်စုတပ်မတော်ကို အရပ် ဘက်အုပ်ချုပ်မှုအောက်တွင် ထားရှိရေး၊ ပြည်ထောင်စုဖွဲ့စည်းပုံအ ခြေခံဥပဒေနှင့် နိုင်ငံသားများအား ကာကွယ်ရေးအပါအဝင် အခြား အခြေခံအချက် ၁၀ ချက်ကို ဘုံ သဘောထားအဖြစ် စုစည်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေ သေးသည့် အခြေခံမူများကို စု စည်းရန် အလုပ်အဖွဲ့ ဖွဲ့စည်းခဲ့ ကြောင်း သတင်းထုတ်ပြန်သည်။
 ပအိုးဝ် အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ‘‘ဒီနေ့က တော့ ကျွန်တော်တို့ကာကွယ်ရေး နဲ့ လုံခြုံရေးဆိုင်ရာကဏ္ဍ၊ ဒါကို တင်သွင်းလာတဲ့ စာတမ်းတွေကို ညီလာခံမှာ ဆွေးနွေးကြတာဖြစ် ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဘုံသဘောထားတွေ ချမှတ်ဖို့ရာ ကျွန်တော်တို့ဆွေးနွေးလို့ ပြီးပါပြီ။ ဒီအတွက်  ပတ်သက်ရင်လည်း လုံခြုံရေးကဏ္ဍလိုမျိုးကို ကျန်ရှိတဲ့အပိုင်းတွေကိုလည်း အလုပ်အဖွဲ့ ဖွဲ့ပြီးတော့ ဒါကို ကျွန်တော်တို့ပြု စုထားမယ်။ ပြုစုပြီးတော့ လေးရက်တာအစည်းအဝေးအတွင်းမှာ ဆွေးနွေး ကြတဲ့အကုန်လုံးကို ပြန်လည်ခြုံငုံပြီးတော့ ဘုံသဘောထားတွေ ချမှတ်နိုင်ဖို့အတွက် အစည်းအဝေးတစ်ရက်ကို ထပ်တိုးမှာဖြစ်ပါတယ်’’ဟုဆိုသည်။
‘‘အခြေခံကတော့ လက်ရှိတပ်မတော်ကို ပြုပြင်ပြောင်းလဲဖို့ဆိုတာမျိုး မဟုတ်ပါဘူး။ လာမယ့်အနာဂတ်မှာ၊ လာမယ့်အနာဂတ်အတွက် ဒါကိုစဉ်းစားကြတာဖြစ်ပါတယ်။ ဆိုတော့  အနာဂတ်ကို အားလုံးအကျေအလည် ညှိနှိုင်းဆွေးနွေးမှုနဲ့ နိုင်ငံရေးဆွေးနွေးမှုရလဒ်နဲ့အညီ ဒီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်လို့ NCA မှာလည်း သဘောတူခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုရလဒ်နဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင်တော့ ဒီမိုကရေစီကို အခြေခံရမယ်။ ဖက်ဒရယ်စနစ်ကို  အခြေခံရမယ်။ အဲဒီအတွက်တော့ လာမယ့် ပြည်ထောင်စုတပ်မတော် ဆိုတာ အရပ်ဘက်အုပ်ချုပ်မှုရဲ့ အောက်မှာရှိရမယ်။ ကွပ်ကဲမှုရဲ့အောက်မှာ ရှိရမယ်။ ဒီအခြေခံအချက်ပဲဖြစ်ပါတယ်’’ဟု ၎င်းက  ဆက်ပြောသည်။
အစည်းအဝေးတတိယနေ့ အပြီးတွင် ယခင်ရက်များကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း မရှိပေ။  ပြောရေးဆိုခွင့်ရှိသူများက ဆွေးနွေးသည့်ကိစ္စရပ်များ မပြီး ပြတ်သေးသည့်အတွက် ရှင်းလင်း စရာများစွာ ရှိသေးသောကြောင့် ပုံမှန် သတင်းစာရှင်းလင်းပွဲမပြု လုပ်ခြင်းဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် လေးရက်ကြာ ပြု လုပ်ရန် စီစဉ်ထားသည့် အစည်းအဝေးကို တစ်ရက်ထပ်မံတိုး၍ ဇူလိုင် ၃၀ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မိုင်ဂျာယန်ဆွေးနွေးပွဲနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာအိုနိုင်ငံရှိ မြန်မာသံရုံးတွင်မြန်မာသတင်းထောက်များ၏မေးမြန်းမှု ကို‘‘မိုင်ဂျာယန်မှာ  စတင်နေတဲ့ တိုင်းရင်းသားညီလာခံနဲ့ပတ်သက်လို့ အန်တီကတော့ ရိုးရိုးပါပဲ။ တိုင်းရင်းသားတွေညီလာခံ လုပ်ရင် ပြည်ထောင်စုညီညွတ် ရေးအတွက်၊ အမျိုးသားရင်ကြား စေ့ရေးအတွက် ဦးတည်တာဖြစ် ပါစေလို့ပဲ ဆုတောင်းပါတယ်’’ဟု ဖြေကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment