Wednesday, July 20, 2016

၂၀၂၀ တွင် အာဆီယံဒေသတွင်း လျှပ်စစ်ဓာတ်အားကွန်ရက်ချိတ်ဆက်ရောင်းချမည့် အစီအစဉ်၌ မြန်မာမပါသေး

၂၀၂၀ တွင် အကောင် အထည်ဖော်ရန် ရည်မှန်းထား သော အာဆီယံနိုင်ငံများအတွင်း လျှပ်စစ်ဓာတ်အား ကွန်ရက်ချိတ် ဆက်ရောင်းချမည့် အစီအစဉ်များ ၌ မြန်မာနိုင်ငံပါဝင်ခြင်း မရှိသေး ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း ဝန် ဦးဌေးအောင်က ပြောသည်။

‘‘အဲဒီကွန်ရက်ချိတ်ဆက်မှု မှာ မြန်မာနိုင်ငံ မပါသေးပါဘူး။ တခြားဒေသတွင်း အာဆီယံနိုင်ငံ တွေပဲ ပါသေးပါတယ်။ မြန်မာက ကိုယ့်နိုင်ငံမှာ ဘာလုပ်နေတဲ့အ ဆင့်ပဲ ဆွေးနွေးနေရပါသေးတယ်’’ဟု ၎င်းက ပြောသည်။
အာဆီယံဒေသတွင်း နိုင်ငံ များစုပေါင်း၍ လျှပ်စစ်ဓာတ်အား ကွန်ရက်ချိတ်ဆက်ရောင်းချမည့် အစီအစဉ်ကို ၂၀၂၀ တွင် အ ကောင်အထည်ဖော်ရန်ရှိပြီး အဆိုပါနှစ်၌ ဓာတ်ငွေ့ပိုက်လိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက်သည့် စီမံကိန်း ၂၅ ခုအကောင်အထည်ဖော်ရန် ရည်မှန်းထားကြောင်း အာဆီယံအဆင့်မြင့်အရာရှိများအစည်းအဝေးက သတင်းထုတ်ပြန်ထားသည်။

အကောင်အထည်ဖော်မည့် စီမံကိန်း ၂၅ ခုနှင့်ပတ်သက်၍ ယခုနှစ် စက်တင်ဘာတွင် မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် အာဆီယံစွမ်းအင်ဝန်ကြီးများအ စည်းအဝေး၌ ဆုံးဖြတ်မည်ဟု ဦးဌေးအောင်က ပြောကြားသည်။
အာဆီယံ နိုင်ငံများသည် ၂၀၂၀ တွင် နိုင်ငံချင်းဆက်  လျှပ် စစ်ဓာတ်အားရောင်းချမည့်ကွန် ရက်ကို အကောင်အထည်ဖော် မည်ဖြစ်သကဲ့သို့ မြို့ပြသုံးအဏုမြူစွမ်းအင်သုံးစွဲနိုင်ရေး ဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်ရန် ရည်မှန်းထားသည်။
 သဘာဝဓာတ်ငွေ့အရည် ထုတ်လုပ်၍ လျှပ်စစ်ရောင်းချနိုင် သည့် လုပ်ငန်းအစီအစဉ်များကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာ ပူ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်  နိုင်ငံများ လက်ရှိ၌ ပြင်ဆင်နေကြ သည်။ မြန်မာနိုင်ငံသည် သဘာဝ ဓာတ်ငွေ့အရည်မှ လျှပ်စစ်ထုတ် လုပ်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ် နှင့် ပူးပေါင်း၍ ဖြစ်နိုင်စွမ်းလေ့လာ မှုများကို ယခုနှစ်မှ စ၍ ပြုလုပ်နေ ပြီဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ စွမ်းအင်ဆိုင် ရာ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည့်အပြင် အ ရှေ့အာရှနိုင်ငံများဖြစ်သည့် သြစတြေးလျ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင်အရာရှိ ကြီးများလည်း တက်ရောက်ခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment