Thursday, June 16, 2016

လက်စတာစီးတီး ပိုင်ရှင် King power လုပ်ငန်းစုက ၀ယ်ယူ ၂၂၅သန်းဖိုးThai Air Asia လေကြောင်းလိုင်း ရှယ်ယာတွေကို ၀ယ်ယူ


ပရီးမီးယားလိဒ် ချန်ပီယံ လက်စတာစီးတီးအသင်းကို ပိုင်ဆိုင်တဲ့
လုပ်ငန်းစုဖြစ်တဲ့ ထိုင်းအခြေစိုက် King Power International Group
ဟာ ယခုမှာတော့ နိုင်ငံရဲ့အကြီးဆုံး ဘက်ဂျက်လေကြောင်းလိုင်း Thai Air Asia ရဲ့ အစုရှယ်ယာတစ်ချို့ကို ဒေါ်လာ ၂၂၅ သန်း နဲ့ ၀ယ်ယူလိုက်ပြီဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ဦးဆောင် လက်လီစတိုးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့
King Power Interantianal Group ရဲ့ ပိုင်ရှင် ဘီလျံနာ သူဌေးကြီး Vichai Srivaddhanaprabha အနေနဲ့ ၎င်းရဲ့ ဟိုတယ်လုပ်ငန်းကဏ္ဍကနေ
ကျော်လွန်ပြီးတော့ တိုးတက်လာနေတဲ့ လေကြောင်းခရီးသွားကဏ္ဍမှာပါ တိုးချဲ့လုပ်ကိုင်သွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။
Thai Air Asia လေကြောင်းကုမ္ပဏီမှာဆိုရင် အစုရှယ်ယာ ၅၅
ရာခိုင်နှုန်းကို ထိုင်းကုမ္မဏီတစ်ခုဖြစ်တဲ့ Asia Aviation က ပိုင်ဆိုင်
ထားတာဖြစ်ပြီးတော့ ကျန်ရှယ်ယာတွေကို မလေးရှားလုပ်ငန်းရှင်ကြီး
Tony Fernandes တည်ထောင်ထားတဲ့ Air Asia လုပ်ငန်းစုက
ပိုင်ဆိုင်နေတာဖြစ်ပါတယ်။
ယခုဆိုရင်တော့ King Power လုပ်ငန်းစုဟာ Asia Aviation ရဲ့
အစုရှယ်ယာ ၃၉ ရာခိုင်နှုန်းကို ယင်းရဲ့ စီအီးအို Tasapon Bijleveld
ဆီကနေ ဘတ် ဘီလျံပေါင်း ၇ ဒသမ ၉၄၅ နဲ့ t။ ယခုဆိုရင်တော့ King Power ဟာ Thai Air Asia ရဲ့ ဒုတိယအများဆုံးရှယ်ယာပိုင်ရှင်ဖြစ်
သွားခဲ့ပြီဖြစ်ပါတယ်။
Asia Aviation စီအီးအို Bijleveld ကလည်း ၎င်းရဲ့အစုရှယ်ယာ
ငါးရာခိုင်နှုန်း ဆက်လက်ပိုင်ဆိုင်နေဦးမှာဖြစ်ပြီးတော့ စီအီးအိုအဖြစ်
ဆက်နေဦးမှာဖြစ်တယ်လို့ King Power က ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဖြစ်နေတဲ့ ဘက်ဂျက်လေကြောင်းလိုင်း
Thai Air Asia ကတော့ ယမန်နှစ်တုန်းက ခရီးသည်ပေါင်း
၁၄ ဒသမ ၈ သန်းကျော် သယ်ယူပို့ဆောင်ပေးထားခဲ့ပြီး ယခုနှစ်
၂၀၁၆ မှာလည်း ခရီးသည်ပေါင်း ၁၆ ဒသမ ၉ သန်းအထိ ပို့
ဆောင်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment