Saturday, June 22, 2013

ဈေးသက်သာ 16 GB စက်ရုပ် USB


Friday, June 21, 2013

အမေဇုန် အွန်လိုင်းစတိုးမှာပါ။ Transformer စက်ရုပ်လိုမျိုး ပုံစံဖော်နိုင်တဲ့ ကျားသစ် စက်ရုပ် 16 GB USB flash Drive ကို ၉.၉၉ ဒေါ်လာပဲ ဆိုတော့ မြန်မာငွေနဲ့တွက်ရင် တစ်သောင်းဝန်းကျင် ပါပဲ။

ဈေးသက်သက်သာသာနဲ့ ရမယ့် Flash Drive မှာ performance ကတော့ အခြား 16GB တွေလို မမြင့်လောက်ပါဘူး။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အသုံးလိုတဲ့အခါ ကွန်ပြူတာက USB ပေါက်ကို ထိုးလိုက်ရုံပဲ ဖြစ်ပြီး အခြား အချိန်မှာ Leopad စက်ရုပ်တစ်ကောင်လို အလှတင်ထားလို့ ရပါတယ်။ ဒီဇိုင်း အသစ်အဆန်း ကြိုက်သူများအတွက် ဖန်တီးထားတာ ဖြစ်ပြီး လွန်ခဲ့ ၁ နှစ်ခွဲ ကျော်ကတည်း ပေါ်နေတဲ့ ပစ္စည်း ဖြစ်ပါတယ်။

flash drive နဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://amzn.to/12ZRh0m

Aung Kham (TSJ team)

0 comments:

Post a Comment