ပုဂ္ဂလိကဘဏ်ကြီး တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်လီမိတက် (KBZ) သည် စင်ကာပူနိုင်ငံတွင် နိုင်ငံတကာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်ကို စင်ကာပူနိုင်ငံ ငွေကြေးအာဏာပိုင်အဖွဲ့ (Mone tary Authority of Singapore) ထံမှ ဇွန်လ ၁၅ ရက်နေ့က ရရှိခဲ့ကြောင်း KBZ ထံမှသိရသည်။
စင်ကာပူနိုင်ငံတွင် ထိုသို့ နိုင်ငံတကာ ကိုယ်စားလှယ်ရုံး ဖွင့်ခွင့်ရရှိခဲ့ခြင်းသည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ အသိုင်းအဝိုင်းတွင် ပထမဆုံးဖြစ်ကြောင်း KBZ ထံမှ သိရှိရသည်။
“စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ယခုအခါ တရုတ်နိုင်ငံထက် များပြားလာပြီဖြစ်ပါတယ်။ နိုင်ငံတကာ ရင်နှီးမြှုပ်နှံမှုတွေဟာလည်း စင်ကာပူနိုင်ငံမှတစ်ဆင့် ဝင်ရောက်လာခြင်းကြောင့်လည်းဖြစ်ပါတယ်”ဟု အဆိုပါ ကိုယ်စားလှယ်ရုံးခွဲ၏ ကိုယ်စားလှယ်အရာရှိချုပ် ဦးဇော်လင်းအောင်က ပြောဆိုသည်။
ကမ္ဘောဇဘဏ် အနေဖြင့် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ပြီး စင်ကာပူနိုင်ငံ ငွေကြေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore) ထံသို့ တင်ပြခဲ့ခြင်းဖြစ်သည်။
Credit To >>> Mizzima Burmese
0 comments:
Post a Comment