Friday, June 24, 2016

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှုအပေါ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် ရွာသူရွာသားအချို့ ခိုက်ရန်ဖြစ်ပွားမှုအပေါ် ဖြစ်စဉ်အားစိစစ်ပြီး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝေါမြို့နယ် သူရဲသမိန် ကျေးရွာတွင် ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ၎င်းကျေးရွာရှိ ကျေးရွာသားအချို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သတင်းအရ ၎င်းရွာရဲကင်း စခန်းမှူး ဦးစီးအဖွဲ့မှ သွားရောက် ထိန်းသိမ်းခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် လူစုကွဲခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရာရှစ် ဆိုသူမှာ ဝဲဘက်ချိုစောင်းတွင် အနည်းငယ်ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် ဆေးကုသပေးခဲ့ကြောင်း၊၊ ဖြစ်စဉ် ဖြစ်ပွားရာသို့ ဝေါမြို့နယ် အုပ်ချုပ် ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင်များ သွားရောက်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သူရဲသမိန်ကျေးရွာမှ ရွာသူ ရွာသား ၂ဝဝ ခန့်သည် ညနေ ၃ နာရီခွဲခန့်တွင် ၎င်းရွာရှိ ဘာသာရေး အဆောက်အအုံနှင့် အနီးရှိနေအိမ်မှ ပစ္စည်းများကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် လူစု ကွဲသွားကြောင်း၊ အခင်းဖြစ်ပွားရာသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သွားရောက်ကာ ညှိနှိုင်းဖြေရှင်းပေးလျက်ရှိပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဖြစ်စဉ်ကို စိစစ်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေမှာ တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment